ချောက်ရေနံမြေလုပ်သားသပိတ် အင်အားသိန်းချီ ပါဝင်ပူးပေါင်းလာ
DVB
·
February 9, 2021
မကွေးတိုင်းဒေသကြီး ချောက်ရေနံမြေအလုပ်သမားသပိတ်မှာ ရေနံမြေအလုပ်သမားတွေ၊ သံဃာတော်တွေ၊ ပညာရေးဌာနက ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူနဲ့ ပြည်သူ တစ်သိန်းနီးပါး ပူးပေါင်းပြီး ချောက်မြို့ရဲ့အဓိ မိန်းလမ်းမကြီးများအတိုင်း လှည့်လည်ဆန္ဒပြနေကြပါတယ်။
ချောက်မြို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့ကစတင်ကျင်းပခဲ့ပြီး ၃ ရက်ဆက်ရှိပြီဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ လူအင်အားပူပေါင်းမှု ပိုပိုများလာပါတယ်။။ ဒီနေ့ဆန္ဒပြပွဲမှာ ကျေးလက်ဒေသတွေကလည်း လာရောက်ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။