Homeမြန်မာသတင်း
သံတွဲမြို့တွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ အချေအတင်ဖြစ်ပြီး ထိုင်သပိတ်ဆင်နွှဲ
သံတွဲမြို့တွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ အချေအတင်ဖြစ်ပြီး ထိုင်သပိတ်ဆင်နွှဲ
DVB
·
February 8, 2021
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဒီနေ့ ဒေသခံပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။
မြို့တွင်းအနှံ့ လူထောင်ချီ လှည့်လည် ဆန္ဒပြခဲ့ကြပြီး မြို့ဦးတံတားနားအရောက်မှာတော့ ရဲနဲ့ စစ်တပ်က ပိတ်ပြီး ရှေ့ဆက်သွားခွင့်မပေးတာကြောင့် အချေအတင်ဖြစ်ခဲ့ကြကာ ထိုင်သပိတ်ဆင်နွှဲခဲ့ ပါသေးတယ်။
အချိန်အတော်ကြာပြီးမှ အဲဒီနေရာကနေ လူစုခွဲခဲ့ကြပြီး နောက်နေ့မှာလည်း ထပ်မံ ဆန္ဒပြဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။