
မြန်မာပြည်သူလူထုတွေရဲ့ ဆန္ဒပြမှုကို ထောက်ခံအားပေးကြောင်းနဲ့ စစ်တပ်အနေနဲ့ အာဏာကိုစွန့်လွှတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် ဗိုက်ဒါက ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံသားတွေ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရနဲ့ သူတို့ရဲ့ အခွင့်အရေးဖြစ်တဲ့ သတင်းအချက်အလက် လွတ်လပ်စွာရရှိခွင့်ကို အားပေးထောက်ခံသောအားဖြင့် ဆန္ဒပြတာကို မိမိတို့အားပေးထောက်ခံတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
စစ်တပ်အနေနဲ့ အာဏာကိုစွန့်လွှတ်ဖို့၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရပြန်လည်အသက်ဝင်စေဖို့၊ ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ ဆက်သွယ်ရေးကန့်သတ်ချက် အားလုံးဖယ်ရှားပေးဖို့နဲ့ အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ဖို့ လည်းတောင်းဆိုထားပါတယ်။
ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံတဝန်း မြို့တွေ နယ်တွေ အသီးသီးမှာ နိုင်ငံဝန်ထမ်းတွေအပါအဝင် ပြည်သူလူထုတွေက အကြမ်းမဖက် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
Photo- US Embassy











