
စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သံပုံးတီးလှုပ်ရှားမှုကို တရက်မှာ ၃ ကြိမ်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
အရင်က ည ၈ နာရီမှာ တကြိမ်ပဲ တီးနေရာကနေ အခု မနက် ၈ နာရီ၊ နေ့လယ် ၂ နာရီနဲ့ ည ၈ နာရီမှာ လုပ်ကြဖို့အတွက် နှိုးဆော်ထားတာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ ရက်ညကစပြီး တနိုင်ငံလုံးမှာ သံပုံးတီးလှုပ်ရှားမှု စတင်ခဲ့ပြီး တချို့မြို့တွေမှာ သံပုံးတီးသူတွေကို ရဲတွေက ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ၊ ထောင်ချတာတွေလုပ်နေပါတယ်။
ဒါပေမဲ့ တရက်ထက်တရက် သံပုံးတီးသူတွေ ပိုများလာပြီး ရန်ကုန်မှာတော့ ကားတွေကလည်း အဲဒီအချိန်မှာ ဟွန်းသံရှည်တီးကြပါတယ်။











