DVB Logo
Home
မြန်မာသတင်း
Democracy Clinic ဖေ့စ်ဘွတ်ခ်ပေ့ဂျ် စတင်
DVB
·
February 7, 2021
Democracy Clinic ဖေ့စ်ဘွတ်ခ်ပေ့ဂျ် စတင်
1 / 8
Donate to DVB

စစ်အစိုးရလက်အောက်မှာ အလုပ်မလုပ်ချင်လို့ ဆရာဝန်တွေက ဆေးရုံမသွားဘဲ ဆန့်ကျင် ဆန္ဒထုတ်ဖော်နေကြချိန်မှာ လူနာတွေ ပြသလို့ အဆင်ပြေအောင် အွန်လိုင်းကနေ လုပ်ဆောင်ပေးနေပါတယ်။

Democracy Clinic ဆိုတဲ့ ဖေ့စ်ဘွတ်ခ်ပေ့ဂျ်ကို ဆရာဝန် ၂ ယောက်က ဦးဆောင် အကောင်အထည်ဖော်ခဲ့ပြီး အခမဲ့ပြသ တိုင်ပင်နိုင်မယ့် ဆရာဝန်တွေနဲ့ ချိတ်ဆက်နေတာပါ။

“CDM (Civil Disobedience Movement -လူထုဆန့်ကျင်ရေးလှုပ်ရှားမှု) မှာ ပါဝင်ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း ဆေးမကုပေးချင်လို့ မနေတာမဟုတ်ဘဲ စစ်အစိုးရလက်အောက်မှာ မလုပ်ပေးချင်ကြတာ အဓိကမို့လို့ သူတို့နဲ့ လူနာတွေကြားမှာ ချိတ်ဆက်ပေးနိုင်တဲ့ နေရာလေးတခု ရှိရင် အဆင်ပြေမယ်လို့ မြင်မိပါတယ်။ 

"အဲဒီလို စစဉ်းစားမိရာကနေ ဖွဲ့စည်းလိုက်တဲ့ အစုအစည်းလေး ဖြစ်လို့ လုပ်ဆောင်ချက်ကတော့ ကျန်းမာရေးစောင့်ရှောက်ပေးသူများနဲ့ လူနာတွေကို အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆောင်ရွက်ပေးချင်တာပါ” လို့ ဦးဆောင်နေသူ ဆရာဝန်တယောက်က ပြောပါတယ်။

အခုတော့ နိုင်ငံနေရာ အနှံ့အပြားက ဆရာဝန်တွေ ပါဝင်လာကြပြီး ဖုန်း၊ ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာနဲ့ ဆက်သွယ်မေးမြန်းလို့ရသလို ဆေးရုံစာအုပ်နဲ့အတူ ဆေးခန်းတွေမှာလည်း အခမဲ့ လာရောက် ပြသလို့ရပါတယ်။

“စစလုပ်ချင်းမှာပဲ volunteer doctors ၃၀ ကျော် လာရောက်စုစည်းမိကြပြီး အခုဆို page မှာ volunteer အဖြစ် နောက်ထပ် အယောက် ၄၀ online consultation အနေနဲ့ စာရင်းပေးထား ကြပါတယ်။ အပြင်မှာ OPD ကြည့်ပေးမယ့် ဆရာဝန်များ၊ teleconsultation (ဖုန်း၊ အွန်လိုင်းကနေ ဆက်သွယ်နိုင်ပြီး ဆွေးနွေး) ပေးသူများလည်း အများအပြားရှိပါတယ်။ မြို့တွေကတော့ အစုံပဲ ဖြစ်မယ်လို့ မြင်မိပါတယ်။ ဆရာဝန်တွေထဲမှာလည်း နယ်ပယ်မျိုးစုံက ပါပါတယ်” လို့ ဦးဆောင်သူ ဆရာဝန်တယောက်က ပြောပါတယ်။

သူတို့ရဲ့ ဖေ့စ်ဘွတ်ခ် ပေ့ဂျ်ကနေ ဆေးကုသလို့ရနိုင်မယ့် information စုပေးနေတာမို့လို့ information တွေကိုတော့ အမြန်ဆန်ဆုံးရချင်တယ်လို့ သူက ဆက်ပြောပါတယ်။ လတ်တလောမှာလည်း IT company တွေဘက်က လာကမ်းလှမ်းတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“information ကောက်ခံတဲ့နေရာမှာ မြန်မြန်ရပြီး တခြားလုပ်စရာရှိတဲ့ website or application တွေ မြန်မြန်ဆန်ဆန်လုပ်ပြီး လူတိုင်း fb မသုံးဖြစ်ရင်၊ သုံးလို့ အဆင်မပြေရင်၊ မသုံးတတ်လို့ information မသိရရင်တောင် ဒီနေရာတခုကို ဝင်ကြည့်လိုက်တာနဲ့ health information (ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်) အစုံသိရှိနိုင်တဲ့ နေရာလေးတခု မြန်မြန်ဖန်တီးချင်ပါတယ်။ ဒီဘက်ကတော့ အတတ်နိုင်ဆုံး အခုကာလမှာသာမက နောက် ဒီမိုကရေစီ ပြန်ရပြီးရင်လည်း ရေရှည်အဆင်ပြေအောင်သုံးလို့ရမယ့် app မျိုးလိုချင်လို့ တိုင်ပင်ထားတာတွေ ရှိပါတယ်။ အဖိုးအခမယူဘဲ လူတိုင်း free သုံးပြီး registration free အကုန်အဆင်ပြေအောင် လုပ်ပေးနိုင်မယ့် app မျိုးဖြစ်အောင်တော့ လိုက်တိုင်ပင်ကြည့်နေဆဲပါ” လို့ ပြောပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု  (Civil Disobedience) မှာ နိုင်ငံတဝန်း ဆေးရုံပေါင်း ၁၀၀ လောက်က ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်လာပြီလို့ အဲဒီလှုပ်ရှားမှုတွေကို ချိတ်ဆက်ကူညီပေးနေတဲ့ ဆရာဝန်တယောက်က ပြောထားပါတယ်။ ဒီစာရင်းဟာလည်း အချိန်နဲ့အမျှတိုးလာနေတာကြောင့် နောက်ဆုံးအခြေအနေကတော့ အတိအကျ မသိရသေးပါဘူး။

ဆေးကုသဖို့ တိုင်ပင်ဆွေးနွေးဖို့အတွက် အချက်အလက်တွေကို https://heinkhantzaw.github.io/Democracy_Clinic_Information/?fbclid=IwAR1dqM4CDHwl3qp179oPzG5GbFFftxMtukwi-43VL7AXxOWxuHG5yQHklLk မှာ ကြည့်နိုင်ပါတယ်။

(ဒီအောက်ကပုံ အပြည့်အစုံကို ဖြစ်နိုင်ရင် ဖေ့စ်ဘုတ်မှာ တင်ပေးပါ .. ဆေ့ဗ်ထားနိုင်ကြအောင်ပါ)https://www.facebook.com/permalink.php?story_fbid=346584683175136&id=342009636965974

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013