DVB Logo
Home
အာရှဒေသ
အင်ဒိုနီးရှား အကျဉ်းထောင်တွေအတွင်းက ဟာသပါရမီရှင်တွေ
DVB
·
September 28, 2013
အင်ဒိုနီးရှား အကျဉ်းထောင်တွေအတွင်းက ဟာသပါရမီရှင်တွေ
Donate to DVB

အင်ဒါဝူလန်ဒရီ ဦးဆောင်တဲ့ အမျိုးသမီးအကျဉ်းသူတွေက အင်ဒိုနီးရှားအကျဉ်းထောင် တွေရဲ့ သရုပ်မှန် ဟာသဇာတ်ပြိုင်ပွဲမှာ အနိုင်ရခဲ့သူတွေပါ။

“ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျမကို ဘာပဲဖြစ်ဖြစ်လုပ်ဖို့ အားပေးခဲ့တဲ့ ကျမအမေကို သတိရပါတယ်။”
သူရဲ့အဖွဲ့က ဂျာဗားအလယ်ပိုင်း ဒုတိယအုပ်ချုပ်ရေးမှူး ရပ်စ်စရင်းနင်းဂစ်ဟာ အဲဒီအစီအစဉ် တင်ဆက်မှုကို သဘောကျခဲ့တဲ့သူပါ။

“တကယ့်ကို ကောင်းတဲ့ တင်ဆက်မှုပဲရှင့်၊ အူလှိုက်သဲလှိုက် ရယ်မောအောင် လုပ်နိုင်ပါတယ်။ အကျဉ်းသူတွေ အကျဉ်းထောင်ထဲမှာ ရှိနေတာတောင်မှ သူတို့ကိုယ်သူတို့ တွေ့အောင် ရှာနိုင်ခဲ့ပါတယ်။”
ပြိုင်ပွဲကို ကီးလ် (Kills) လို့ခေါ်တဲ့ ဆမ်ရမ်းက ဒေသခံလူရွှင်တော်တွေက စည်းရုံးစုစည်း တင်ဆက်ခဲ့တာပါ။ အဂူန်းအင်ဒီယက်မိုကိုက ကီးလ်ကပါ သူက ဒီအစီအစဉ်ရဲ့ အဓိက စိတ်ကူးကတော့ အကျဉ်းသားတွေကို ဖြေဖျော်ဖို့နဲ့ တခုခုကို အပြုသဘော ဖန်တီးပေးဖို့ အားပေးဖို့ပါ။

“အတော်များများက အကျဉ်းထောင်ထဲက အကျဉ်းသူတွေဟာ သူတို့ အချင်းချင်းတွေ ဆီကပဲ ပြန်သင်ယူလေ့လာနေရတာဆိုတော့ ပိုပြီးကောင်းတဲ့ ရာဇ၀တ်မှု ကျူးလွန်သူတွေ ဖြစ်အောင် လုပ်ဖို့ပဲ ရှိတယ်လို့ ယုံကြည်ထားကြပါတယ်။ အဲဒါက မကောင်းတဲ့ဘက်ကို ဦးတည်ပါတယ်။”

အနိုင်ရအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဘာဘာကတော့ ဒီလို တင်ဆက်ခွင့်ရတာ သူ့စိတ်ထဲက ပြောချင်နေတာတွေကို ပြောရေးဆိုခွင့်နဲ့ စိတ်ထွက်ပေါက်တခုဖြစ်တယ်လို့ ဆိုပါတယ်။
“ထောင်ထဲမှာ နေရတာက ခက်ခဲကြမ်းတမ်းပါတယ်။ ကျမတို့က ကျမတို့ နှလုံးသားထဲမှာ ရှိနေတာတွေကို အမြဲတမ်း ဖော်ပြချင်ပါတယ်။ ဒါပေမယ့် အဲဒီအခွင့်အရေးမျိုးကို ကျမတို့ ရခဲ့ပါတယ်ရှင်။”

ပြိုင်ပွဲကို အကျဉ်းသူတွေ သူတို့ရဲ့ လူ့အဖွဲ့အစည်းအတွင်း လုံခြုံစိတ်ချစွာ ပြန်လည်ဝင် ရောက်နိုင်ရေး ဦးတည်ဆောင်ရွက်နေတဲ့ အန်ဂျီအိုတခု ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း ရေး တည်ဆောက်မှုအဖွဲ့ကလည်း ပံ့ပိုးကူညီခဲ့ပါတယ်။

အိုင်ဒါလို အကျဉ်းသူတွေကတော့ သူတို့အကျဉ်းကျခံဘက်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသတင်ဆက်မှုကို မှတ်မှတ်ရရရှိနေပါတယ်။

“အထဲမှာ ဘာဖျော်ဖြေပွဲမှ မရှိပါဘူး။ ကျမတို့က နေ့တိုင်းလုပ်ရမယ့် အစီအစဉ်အတိုင်းလုပ် နေကြရတာပါပဲ။ ဒါကြောင့် ဒီပြိုင်ပွဲက ကျမတို့ဘာသာ ဖြေဖျော်မှုအတွက် ကောင်းပါတယ်။ စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။"

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013