
စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်ကြီးကို မန္တလေးမြို့မှာ ပြည်သူ သိန်းချီပြီး ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပါတယ်။
မစိုးရိမ်တိုက်ဟောင်းနဲ့ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်ကြတဲ့ ဆရာတော်အရှင်သူမြတ်များဘုရားတွေနဲ့ ကျောင်းသားပြည်သူတွေ လက်တွဲပြီး အာဏာသိမ်းစစ်အစိုးကို သပိတ်မှောက်နေကြတာပါ။
အရှင်ဘုရားတို့ ပူးပေါင်းပါဝင်ပေးကြဖို့ လေးစားစွာလျှောက်ထားကြောင်း ဗကသ ကျောင်းသားဟောင်း ကိုအောင်မှိုင်းဆန်းက မစိုးရိမ်တိုက်ဟောင်းရှေ့မှာ ပြောဆိုခဲ့ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တိုက်ပွဲကို မန္တလေးသူ/သားတွေနဲ့ အမြို့မြိုအနယ်နယ်မှ ပြည်သူများကျောင်းသားများ သိန်းနဲ့ချီ သပိတ်မှောက်ခဲ့ကြပါတယ်။
စစ်အာဏာရှင်စနစ်အလိုမရှိ၊ စစ်အာရှင်အမြန်ဆုံးကျဆုံးပါစေ၊ သပိတ် သပိတ်မှောက်မှောက် စတဲ့ကျွေးကြော်သံတွေနဲ့ မန္တလေးမြို့တွင့်း အနှံ့ လှည့်လည် သပိတ်မှောက်ခဲ့ကြပါတယ်။
မန္တလေးကျုံးပတ်လည်ကိုတော့ ရဲလုံခြုံရေးတွေနဲ့ ပိတ်ဆို့ထားပါတယ်။










