DVB Logo
Home
မြန်မာသတင်း
တယ်လီနော့ကုမ္ပဏီ လုပ်ငန်းစရန် မှန်းထားသည့်ထက် နောက်ကျမည်
DVB
·
September 27, 2013
တယ်လီနော့ကုမ္ပဏီ လုပ်ငန်းစရန် မှန်းထားသည့်ထက် နောက်ကျမည်
Donate to DVB

မြန်မာနိုင်ငံမှာ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရထားတဲ့ နော်ဝေ တယ်လီနော့ ကုမ္ပဏီက လုပ်ငန်းတွေ စနိုင်ဖို့ မှန်းထားထက် အချိန်ထက်နောက်ကျမယ်လို့ ပြောလိုက်ပါတယ်။

နဂိုက စက်တင်ဘာ လကုန်ပိုင်းမှာ လုပ်ငန်းတွေ စနိုင်တော့မယ်လို့ မျှော်လင့်ထားပေမ့ယ် အခန့်မသင့်ရင့် လပေါင်းများစွာလည်း ကြာသွားနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

[caption id="attachment_43975" align="alignleft" width="280" caption="Photo by Telenor"][/caption]ဆက်သွယ်ရေးဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်က ဩဂုတ်လမှာ အတည်ပြုထားပေမယ့် သမ္မတက လက်မှတ် မထိုးသေးတာကြောင့် လုပ်ငန်းတွေ မစနိုင်သေးတာပါ။

သမ္မတက မှတ်ချက်နဲ့ လွှတ်တော်ကို ပြန်လည်ပေးပို့ထားတဲ့ ဆက်သွယ်ရေး ဥပဒေကို အောက်တိုဘာလဆန်း လွှတ်တော် စတာနဲ့ ဆွေးနွေးအတည်ပြုသွားနိုင်ဖွယ်ရှိတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။

ကုမ္ပဏီရဲ့ အာရှဒေသ ပြန်ကြားရေး တာဝန်ခံက ဒီနှစ်မကုန်ခင်မှာ လုပ်ငန်းတွေ စနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ ကုမ္ပဏီက ၀န်ထမ်း ၃ ထောင်ကို ခန့်ဖို့ ရည်ရွယ်ထားပြီး ဒီကြားထဲမှာ ၀န်ထမ်းတွေကို စခန့်နေပြီလို့လည်း ဆိုပါတယ်။

တယ်လီနော့လိုပဲ ဆက်သွယ်ရေး လုပ်ငန်း လိုင်စင်ရထားတဲ့ ကာတာ အခြေစိုက် အော်ရီဒူး ကုမ္ပဏီကလည်း အလုပ်သမ ၃ သောင်းအထိ အလုပ်ခန့်အပ်သွားမယ်လို့ စက်တင်ဘာ ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အမျိုးသမီး အလုပ်သမားတွေကို မိုဘိုင်းဖုန်း ဆင်းကတ် အရောင်းမြှင့်တင်ရေး ကဏ္ဍတွေမှာ အလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရဟာ မိုဘိုင်းဖုန်း ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ ၄ ခု လုပ်ခွင့်ပြုထားပြီး အဲဒီထဲမှာ အော်ရီဒူး ကုမ္ပဏီလည်း ပါဝင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ မိုင်ဘိုင်းဖုန်း ၅ သန်းခွဲကျော် တပ်ဆင်ထားလို့ မိုဘိုင်းဖုန်း ပျံ့နှံ့မှုဟာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းအောက်ပဲ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013