DVB Logo
Home
မြန်မာသတင်း
စစ်တပ် ဆရာဝန်များ လာရောက်ပါက အလုပ်မဆင်းဟု ပုသိမ်ဆေးရုံကြီးစီမံကော်မတီ ဆုံးဖြတ်
DVB
·
February 6, 2021
စစ်တပ် ဆရာဝန်များ လာရောက်ပါက အလုပ်မဆင်းဟု ပုသိမ်ဆေးရုံကြီးစီမံကော်မတီ ဆုံးဖြတ်
Donate to DVB

စစ်တပ်က ဆရာဝန်တွေ၊ သူနာပြုတွေ ဝင်ရောက်လာပါက ပုသိမ် ဆေးရုံအုပ်ကြီးအပါအဝင် အထူးကုဆရာဝန်ကြီးတွေ လက်ထောက်ဆရာဝန်များတွေနဲ့ သူနာပြုအားလုံး အလုပ်မဆင်းတော့ဘူးလို့ ကြေညာလိုက်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့ ပုသိမ်ဆေးရုံကြီးစီမံကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ အသိပေးကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

ဆေးရုံမှာ ကျန်ရှိနေတဲ့ လူနာတွေကိုတော့ ဆက်လက်ကုသပေးမှာဖြစ်ပြီး နောက်ထပ်လူနာသစ်တွေကို လက်မခံတော့ကြောင်း၊ ကိုဗစ်သံသလူနာတွေနဲ့ ကိုဗစ်လူနာများကို တပ်မတော်ဆေးရုံကို ဆက်လက်လွှဲပို့ပေးမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

ပုသိမ်ဆေးရုံမှ လက်ထောက်အထူးကုဆရာဝန်တွေကလည်း ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရကို အာဏာပြန်လည်အပ်နှင်းဖို့၊ နိုင်ငံရင်ကြားစေ့ရေးအတွက် နိုင်ငံတကာက တောင်းဆိုထားတဲ့ နည်းအတူ ဥပဒေဘောင်အတွင်းမှ တာဝန်ရှိသူတွေနဲ့ စေ့စပ်ဆွေးနွေဖို့လည်း တောင်းဆိုထားပါတယ်။

တောင်းဆိုချက်တွေကို မလိုက်လျောမချင်း  ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်မှာဖြစ်ပြီး နိုင်ငံတဝန်းလုံးရှိ ပြည်သူများတစ်ရပ်လုံးနဲ့ အစိုးရဝန်ထမ်းများအနေနဲ့လည်း တခဲနက်  ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ဖို့  တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013