DVB Logo
Home
မြန်မာသတင်း
မလေးတွင် ဖမ်းဆီးခံ မြန်မာနိုင်ငံသားများအတွက် သံရုံး အကူအညီလိုအပ်
DVB
·
September 27, 2013
မလေးတွင် ဖမ်းဆီးခံ မြန်မာနိုင်ငံသားများအတွက် သံရုံး အကူအညီလိုအပ်
Donate to DVB

မလေးရှားမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေအတွက် သံရုံးရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ မလေးရှားရောက် မြန်မာ့လူမှုရေးအဖွဲ့အစည်းတွေက ပြောပါတယ်။

[caption id="attachment_42294" align="alignleft" width="300" caption="(ဓာတ်ပုံ - မလေးရှားရောက်မြန်မာများ ဖေ့စ်ဘုတ်)"][/caption]

မလေးရှားနိုင်ငံမှာ တရားမ၀င်နေထိုင်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံသားဖြစ်ကြောင်း အထောက်အထားထုတ်ပေးဖို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့  အကူအညီ လိုအပ်နေတယ်လို့  မလေးရှားက မြန်မာ ရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးစင်တာ (အမ်အမ်အာရ်စီ)က ပြောပါတယ်။

အဖမ်းဆီးခံထားရသူတွေထဲမှာ လွတ်ငြိမ်းချမ်းသာခွင့် ခေါ်  ဆစ်ပီအစီအစဉ်နဲ့  မလေးရှားအခြေစိုက် မဟာနန်းလုပ်ငန်းစုကုမ္ပဏီတို့လို ကြားဝင်ဆောင်ရွက်ပေးတဲ့ ကုမ္ပဏီတွေ ကနေတဆင့် မှတ်ပုံတင်ထားပေမယ့် အလိမ်ခံရပြီး အထောက်အထား မရတဲ့ မြန်မာနိုင်ငံသားတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်ပြီးတော့ အထောက်အထားတွေ ထုတ်ပေးဖို့ လိုအပ်ပေမယ့် မြန်မာသံရုံးက ဆောင်ရွက်မပေးဘူးဘူးလို့  အမ်အမ်အာရ်စီက ဦးရန်နိုင်ထွန်းက  ပြောပါတယ်။

မဟာနန်းကုမ္ပဏီမှာ ဆစ်ပီအစီအစဉ်နဲ့  အထောက်အထားရဖို့ မလေးရှားရင်းဂစ်ငွေ  ၃၀၀၀ ကျော် ပေးဆောင်ခဲ့ပေမယ့်လည်း  အထောက်အထား မရဘဲ မလေးရှားရဲတွေရဲ့ ဖမ်းဆီးတာကို ခံရတဲ့ ဦးသန်းစိုးဦးကတော့  အဖမ်းခံရချိန်မှာ သူဌေးက မြန်မာသံရုံးကို အကူအညီတောင်းခံခဲ့ပေမယ့် မရဘဲ မလေးရှားရင်းဂစ်ငွေ ၁၅၀၀ နဲ့ လာရောက်ရွေးယူခဲ့တယ်လို့ ပြောပါတယ်။

မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိ ဦးစိုးဝင်းကတော့ သူအနေနဲ့ အလုပ်သမားကိစ္စကို အာရုံထား ဆောင်ရွက်ရတဲ့အတွက် အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်ပြီး သံရုံးရဲ့ ဆောင်ရွက်ပေးမယ့်အစီအစဉ်ကိုတော့ သံရုံးကသာ ဖြေကြားနိုင်လိမ့်မယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင် ဖြေဆိုခဲ့ခြင်း မရှိပါဘူး။

မြန်မာသမ္မတ ဦးသိန်းစိန်ကတော့  ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီ ပေးနိုင်ဖို့အတွက်  အလုပ်သမားဝန်ကြီး ဦးဆောင်တဲ့အဖွဲ ၁ ဖွဲ့ကို မကြာသေးခင်ကပဲ မလေးရှားနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ  တရားမ၀င်နေထိုင်သူတွေကို  အစိုးရတာဝန်ရှိသူတွေက အခုလဆန်းပိုင်း ကတည်းက  စီမံချက်ချပြီး  ဖမ်ဆီးနေရာမှာ  မြန်မာနိုင်ငံသား ၅၅၅ ဦး အဖမ်းခံထားရတာဖြစ်ပါတယ်။

ခုလက်ရှိ အဖမ်းအဆီး ရပ်တန့်သွားပေမယ့်လည်း မလေးရှားရဲတွေစုပြီး မြန်မာနိုင်ငံ သားတွေကို ဖမ်းဆီးကာ ငွေတောင်းခံတာတွေလည်း ရှိနေဆဲ ဖြစ်တယ်လို့ မလေးရှားရောက်မြန်မာတွေက  ပြောပါတယ်။

မလေးရှားမှာ တရားဝင်အလုပ်သမား ၃ သိန်းနဲ့ တရားမဝင်အလုပ်သမား ၄ သောင်း လောက်ရှိတယ်လို့ မလေးရှားဆိုင်ရာ မြန်မာသံရုံးရဲ့ ပြောကြားချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013