ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံရဟု သတင်းထွက်ပေါ်
DVB
·
February 5, 2021

တာဝန်ယူနေဆဲကာလမှာ တပ်မတော်က အာဏာသိမ်းပြီး ထိန်းသိမ်းခဲ့တဲ့ အာဏာအသိမ်းခံ အရပ်သားအစိုးရရဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကို နေအိမ်အကျယ်ချုပ် ဆက်ထားရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်မှာ သူကို ထိန်းသိမ်းထားခဲ့တာပါ။
တချို့ဝန်ကြီးတွေ ရန်ကုန်အိမ်ပြန်လာတာတွေ့ ရပေမဲ ဒေါက်တာဖေမြင့်ကတော့ ရန်ကုန်အိမ်ပြန်မရောက်သေးဘဲ နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက်ထိမ်းသိမ်း ခံနေရတယ်လို သိရပါတယ်။











