DVB Logo
Home
Lead Story
လတ်တလောအခြေအနေကို ထင်ဟပ်စေသည့် မေလသံစဉ်သီချင်းသစ်-“မနက်ဖြန်???”(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
DVB
·
February 5, 2021
လတ်တလောအခြေအနေကို ထင်ဟပ်စေသည့် မေလသံစဉ်သီချင်းသစ်-“မနက်ဖြန်???”(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
Donate to DVB

“တို့သားသမီးတွေ အနာဂတ်မှာ… အမှောင်ထဲ ထိုင်ရင်း ငုတ်တုတ်နဲ့… မရှင်သန် ချင်ဘူး… အကြောက်တရားနဲ့ မနက်ဖြန်တွေ… ပူလောင်တဲ့ သောကငြိမ်းပါတော့… မျှော်မယ် ငြိမ်းချမ်းတဲ့ မနက်ဖြန်အတွက်… ကြားထဲက သမီးတို့ ဘဝတွေ… အနာ ဂတ်မဲ့လို့ လမ်းပျောက်တော့မယ်… မနက်ဖြန်တွေတိုင်းရယ်… ဟိုဘက်အိမ်လှမ်းလို့ ကြည့်လိုက်တိုင်း… သာယာကြည်နူးတဲ့ ဘဝတွေရယ်… အားကျတဲ့ သမီးတို့ မနက် ဖြန်… လူတန်းစေ့တဲ့ ဘဝတော့… ဖန်တီးပေးကြပါလေ”

ဒါကတော့ လတ်တလော ထွက်ရှိလာခဲ့တဲ့ ဆယ်ကျော်သက်အဆိုတော် ကောင် မလေး မေလသံစဉ်ရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပြီး ပရိသတ် တွေကြား ရေပန်းစားနေခဲ့ပါတယ်။

“မနက်ဖြန်???”လို့ အမည်ပေးထားခဲ့တဲ့ ဒီသီချင်းကတော့ မေလသံစဉ်ရဲ့ ကိုယ်တိုင် ရေး၊ ကိုယ်တိုင်ဆို သီချင်းတပုဒ်ဖြစ်ပြီး လက်ရှိအခြေအနေနဲ့ ထင်ဟပ်နေခဲ့တဲ့ စာသား တွေနဲ့ ဖန်တီးထားခဲ့တာကို ခံစားနားဆင်ကြရမှာပါ။

တက္ကသိုလ် ပထမနှစ်ကျောင်းသူတဦးဖြစ်တဲ့ မေလသံစဉ်ဟာ လက်ရှိအာဏာသိမ်း ကာလမှာ Civil Disobedience ပြုလုပ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ ပြည် သူ့၀န်ထမ်းတွေ၊ ပြည်သူ့ဝန်ထမ်း ဆရာ၀န်တွေ၊ တခြား‌သော ဌာနဆိုင်ရာ ပြည်သူ့ဝန် ထမ်းတွေနဲ့ အတူတကွရပ်တည်ပြီး စစ်အာဏာရှင်အစိုးရဆန့်ကျင်ရေးကမ်ပိန်းတွေမှာ လည်း တခြားအနုပညာ ရှင်တွေနဲ့အတူ ပါဝင်နေသူ ဖြစ်ပါတယ်။

“အရင်လိုနေ့တွေ ပြန်လိုချင်တယ်… အရင်အချိန်လေးတွေ မျှော်နေပါမယ်… ဒီ အိမ်လေးမှာ ပျော်ရွှင်ခြင်းတွေ… ဆောင်ယူလာခဲ့ မနက်တွေရယ်… အိမ်တအိမ်မှာ သူ့ တာဝန်သူနဲ့… အတူတူ လက်တွဲကာ တည်ဆောက်ရင်း… သာယာကြည်နူးချင်တယ်… အိမ်လေးတလုံး ပိုင်ဆိုင်ခဲ့တယ်”

ကာဗာသီချင်းတွေကို သီဆိုရင်း အင်တာနက်စာမျက်နှာတွေပေါ်မှတဆင့် ပရိ သတ်တွေ ရင်ထဲရောက်ရှိလာခဲ့တဲ့ မေလသံစဉ်ဟာ ငယ်ငယ်ကတည်းက ဂီတကို ဝါသနာ ပါခဲ့ပြီး စန္ဒရား၊ ဂစ်တာစတဲ့ တူရိယာတွေကို ကိုယ်တိုင်တီးခတ်ပြီး ဖျော်ဖြေလေ့ရှိသလို သီချင်းတွေကို ရေးဖွဲ့နိုင်တဲ့ တေးရေးတယောက်လည်း ဖြစ်ပါတယ်။

ချစ်စဖွယ်သွင်ပြင်နဲ့ မူဟန်ပိုပို သရုပ်ဆောင်နိုင်တဲ့ မေလသံစဉ်ဟာ မြန်မာ့ရုပ်ရှင် ရာပြည့်ပွဲအတွက် ရွှေကြိုမောင်မယ်ပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး Grand Final အဆင့်ထိ တက် ရောက်ခွင့်ရခဲ့ပေမယ့် အဘိုးဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။   

သူ့ရဲ့ ပထမဆုံး တကိုယ်တော် တေးအယ်လ်ဘမ်ဖြစ်တဲ့ Celebrity တေးအယ်လ် ဘမ်၊ သီချင်း ၂ ပုဒ်ပါ လူကြီးကိုရစ်ခွင့်ပေးပါစတဲ့ တေးအယ်လ်ဘမ်တွေအပြင် တကိုယ် တော် ဆင်ဂယ်လ် သီချင်းတွေဖြစ်တဲ့ နတ်သားပုံပြင်၊ ကိုယ်ချင်းစာ စတဲ့ သီချင်းတွေဟာ လည်း ထင်ရှားပါတယ်။   

နောက်ဆုံးထွက်ရှိထားတဲ့ မေလသံစဉ်ရဲ့ “ပြန်လည်ဆန်းသစ်နှောင်းတစ်ခေတ်” တေးအယ်လ်ဘမ်ဟာလည်း ပရိသတ်တွေ တခဲနက်အားပေးမှုနဲ့အတူ ရေပန်းစားအောင် မြင်ခဲ့တဲ့ တေးအယ်လ်ဘမ်တချပ်ဖြစ်ခဲ့ကာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကျင်းပတဲ့ စီးတီး အက်ဖ်အမ် တေးဂီတဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီးတေးသံရှင်ဆုကို ချီးမြှင့်ခံခဲ့ရ ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013