DVB Logo
Home
အာရှဒေသ
မုဒိမ်းမှုကို ဘယ်နည်းနဲ့ ဖော်ထုတ်မလဲ
DVB
·
September 27, 2013
Donate to DVB

အသက် ၅၀ ရှိပြီဖြစ်တဲ့ ဘရိုင်ယန်ကတော့ သူသမီးကို မုဒိမ်းကျင့်သွားတဲ့ သူကို ခွင့်မလွှတ်နိုင်ပါဘူး။
"ကျနော်သမီးက အပြစ်ကင်းပါတယ်။ ဒီ တိရိစ္ဆာန်လိုလူကို ဘယ်တော့မှ ကျနော် ခွင့်မလွှတ်နိုင်ဘူးဗျာ။”
သူသမီးကို သူဦးလေးတော်သူက မုဒိမ်းကျင့်ခဲ့တဲ့အချိန်မှာ အသက် ၁၀ နှစ်ပဲရှိပါသေး
တယ်။ နောက်ပိုင်းမှာ သူရဲ့အလောင်းကို ဦးခေါင်းမှာ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ ကရာချီမြို့ ကမ်းခြေမှာ တွေ့ခဲ့ရတယ်။
ပုလိပ်က သူဦးလေးကို ဖမ်းဆီးခဲ့ပြီး ဒီအန်အေစစ်ဆေးမှုအရ မုဒိမ်းကျင့်သူဖြစ်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ အမှုကို ရုံးတင်လိုက်ပြီး မိသားစုကတော့ မကြာခင်မှာ စီရင်ချက်ချ လိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။
ဒါပေမယ့် အမှုကို ကိုင်တွယ်တဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ရပ်ခ်ဆာနာ ဆစ်ဒီကီ ကတော့ တရားမျှတမှုရဖို့က မသေချာဘူးလို့ ပြောပါတယ်။
"မိန်းကလေးက သေဆုံးသွားခဲ့ပြီလေ။ အစ္စလာမ်ကောင်စီက ဒီအန်အေစစ်ဆေးမှုကို အခြေခံ သက်သေ အထောက်အထားအဖြစ် စဉ်းစားချင်မှ စဉ်းစားတော့မှာပေါ့ရှင်။ အဲဒီလို ဖြစ်ရင်တော့ မုဒိမ်းကျင့်တဲ့သူ လူသတ်သမားက လွတ်သွားကောင်း လွတ်သွားနိုင်ပါတယ်။"
အစ္စလာမ်ကောင်စီရဲ့ ကြေငြာချက်အရ  ဒီအန်အေ စမ်းသပ်စစ်ဆေးမှုကို ဒုတိယ သက်သေ အထောက်အထားအဖြစ်ပဲ အသုံးပြုနိုင်တယ်လို့ ပါရှိပါတယ်။ အဲဒီ ကောင်စီဟာ အခြေခံဥပဒေအရ ဖွဲ့စည်းထားတာဖြစ်ပြီး အစ္စလာမ်ရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီး ပါကစ္စတန် အစိုးရကို အကြံဥာဏ်ပေးတဲ့အဖွဲ့ ဖြစ်ပါတယ်။
ကောင်စီရဲ့ အကြီးတန်းအဖွဲ့ဝင်ဖြစ်တဲ့ ဟာဖစ်မိုဟာမက် တာဟီယာမာမွတ်အာရှရာဖီက ဆုံးဖြတ်ချက်ကို ရှင်းပြပါတယ်။

"ဆရာဝန်တွေက ဒီအန်အေနဲ့ ပတ်သက်ပြီး မတူတဲ့အမြင် ၃ မျိုး ရှိတယ်ဗျ။ တချို့က အဲဒီစစ်ဆေးမှုတွေဟာ ၉၈ ရာခိုင်နှုန်း သေချာတယ်၊တချို့က ၈၀ ရာခိုင်နှုန်း၊ တချို့က ၇၅ ရာခိုင်နှုန်း သေချာတိကျတယ်လို့ ပြောနေတယ်လေ။ ဟိုတုန်းကတော့ သံသယရှိသူကို ဒီအန်အေစစ်ဆေးမှု အခြေခံပြီး ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးမှု လုပ်ပါတယ်။ ဒါပေမယ့် အဲဒါကို တခြားရွေးချယ်စရာ သက်သေအဖြစ် မသုံးပါဘူး။ ”
ပုလိပ်ကတော့ မုဒိမ်းမှုတွေမှာ ဒီအန်အေစမ်းသပ်မှုကိုပဲ အဓိကသက်သေ အထောက်အထားအဖြစ် သုံးနေတာပါပဲ။ မိုဟာမက်ဝါဆင်မ်းအစ်ဂ်ဘဲလ် က ရှေ့နေတယောာက်ပါပဲ။
"မုဒိမ်းမှုတွေမှာ ဒီအန်အေစမ်းသပ်မှုဆေးဘက်ဆိုင်ရာ သက်သေအထောက်အထားနဲ့ အသက်ရှင်ကျန်တဲ့သူရဲ့ ထွက်ဆိုချက်တွေဟာ ပြစ်မှုထင်ရှားစီရင်ဖို့ လုံလောက်ပါတယ်။ ဒါက ကမ္ဘာတ၀ှမ်းလုံးအတွက် ဥပဒေပါ။"
လူအခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေးအုပ်စု တော်တော်များများကတောာ့ ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဒေါသထွက်ခဲ့ကြပါတယ်။ မေးနတ်ဇ်ရေမန် အစ္စလာမ်မာဘက်အခြေစိုက် အမျိုးသမီးအခွင့်အရေး အဖွဲ့အစည်းတခုဖြစ် ဖြစ်တဲ့  အောရတ်ဖောင်ဒေးရှင်းကပါ။
"မုဒိမ်းပြုကျင့်ခံရတဲ့ မိန်းကလေးအတွက် ဖြေဆိုဖို့ ခက်ခဲတဲ့မေးခွန်းမျိုးတွေ ကျူးလွန်သူရဲ့ ရှေ့နေက မေးလာတာကို တွေ့လာရပါတယ်။ အဲဒါကို စိတ်ထိခိုက်ခံစားရတဲ့ မုဒိမ်းမှု လို့ ခေါ်ပါတယ်။"
လွန်ခဲ့တဲ့နှစ်က ပါကစ္စတန် တရားရုံးချုပ်က ဒီအန်အေစစ်ဆေးမှုဟာ  မုဒိမ်းမှုတွေမှာ အဓိက အသုံးပြုတဲ့ သက်သေအထောက်အထားပုံစံ ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ကောင်စီရဲ့ ဆုံးဖြတ်ချက်နောက်ပိုင်းမှာ တည်ဆဲဥပဒေကို ပြင်ဆင်မယ်၊ မပြင်ဆင်ဘူးဆိုတာကို ဆုံးဖြတ်ဖို့ အဲဒါကို လွှတ်တော်ကို တင်လိုက်ပါပြီ။
အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ ကောင်စီရဲ့ တိုက်တွန်းတောင်းဆိုမှုကို လက်မခံဖို့ ဖိအားပေးနေကြပါတယ်။ ဆင်းပြည်နယ်မှာတော့ လွှတ်တော်က အဲဒီ ဆုံးဖြတ်ချက်ကို မလိုက်နာဖို့ ဆုံးဖြတ်လိုက်တယ်လို့  ဥပဒေပြုအမတ် ရှာမီလာဖားရူးကီက ပြောပါတယ်။

"ဒီအန်အေစစ်ဆေးမှုကို မုဒိမ်းမှုတွေမှာ မလုပ်မနေရ လုပ်ဆောင်ရမယ့်အရာအဖြစ် ပြဌာန်း ပေးသင့်ပါတယ်။ အဲဒီလိုအမှုတွေမှာ သိပ္ပံနည်းကျဖို့ မှုခင်းဆေးပညာကို အသုံးပြုဖို့ကို အ၀န်းအ၀ိုင်းဆိုင်ရာ သက်သေ အ ထာက်အထားထက် ပိုပြီး ကမ္ဘာ့နိုင်ငံတွေမှာ အသုံးပြု နေကြပါပြီ။"
တချို့ကတော့ အစ္စလာမ်တွေးမြင်မှုနဲ့ ပါကစ္စတန်ကောင်စီရဲ့ လိုအပ်မှုကိုတောင် မေးခွန်း ထုတ်လာကြပါပြီ။
ဇိုရာယူဆွတ်က ပါကစ္စတန် လူ့အခွင့်အရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌပါ။
"ကျနော်တို့မှာ တရားဥပဒေပြုဖို့ လွှတ်တော်ရှိတယ် အစ္စလာမ်ရဲ့ အခြေခံစည်းမျဉ်း ဥပဒေသတွေနဲ့ မညီညွတ်တဲ့ဥပဒေတွေကို မပြဌာန်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိပြီးပြီဆိုတော့ ကျနော်တို့မှာ တကယ်ရှိဖို့ မလိုအပ်တာက အစ္စလာမ်တွေးမြင်မှုနဲ့ ပါကစ္စတန်ကောင်စီပါ။ "
အစိုးရသစ်က ဆုံးဖြတ်ချက်တခုကို ချမပေးဘူးဆိုရင်တော့ ဘရိုင်ရန်လို မုဒိမ်းကျင့်ခံရပြီး သူတွေရဲ့မိသားစုအတွက်ကတော့ သူတို့ရဲ့ အပြစ်မဲ့တဲ့ ဆွေမျိုးသားချင်းတွေအတွက် တရားမျှတမှုရရှိဖို့ မျှော်လင့်ချက် အတော်ကြီးနည်းပါးပါလိမ့်မယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013