Home
မြန်မာသတင်း
အာဏာသိမ်းမှုကို ကျောက်တံခါး အခြေခံပညာ ဆရာ ဆရာမများ အပြင်းအထန် ကန့်ကွက်
DVB
·
February 5, 2021
146976374_424310598785674_1738344588451243752_n
147385726_3697901146957988_8383871618662062072_n
146591659_430582561490698_7614558339283388191_n
146461027_250873393106244_6826020113755891674_n
147024215_462362784895608_9148975217963500859_n

အာဏာသိမ်းမှုကို ပြင်းထန်စွာကန့်ကွက်ကြောင်း ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ပညာရေး ပြည်သူ့ဝန်ထမ်းတွေနဲ့ ဆရာဆရာမ ၁၀၀ ကျော်စုပေါင်းပြီး ဒီနေ့မနက် ၁၀ ခွဲလောက်က ပဲနွယ်ကုန်းဒေသမှာ ပြုလုပ်ခဲ့ကြပါတယ်။

"စစ်အာဏာသိမ်းမှုကို ကျနော်တို့ ​ပညာရေးဝန်ထမ်းများက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချတဲ့ အပြင် ကျန်းမာရေးဝန်ထမ်းများရဲ့ လုပ်ဆောင်ချက် အားပေးပြီး စုပေါင်းပါဝင်ကြတာပါ'' လို့ ဆရာဦးဇင်မင်းအောင် လက်ထောက် ပညာရေးမှူး ကျောက်တံခါးမြို့နယ်က ပြောပါတယ်။ 

မူလတန်းကျောင်းအုပ် တောင်သလဲပင် ဆရာဦးဝင်းညွန့်ခိုင်က "၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့ လွတ်လပ်မျှတာစွာ မဲရုံတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ အခုလို အာဏာသိမ်းတာဟာ မဲပေးခဲ့တဲ့ ပြည်သူတွေကိုအပြင် ပညာရေးဝန်ထမ်းတွေကိုပါ စော်ကားလိုက်တာပါပဲ'' လို့ ပြောပါတယ်။

ကျောက်တံခါးမြို့နယ် ကျောက်တံခါး၊ ဖဒို၊ သူဌေးကုန်း၊ ပဲနွယ်ကုန်း၊ တောကျွဲအင်း ပညာရေး ဒေသ ၅ နေရာမှ ဝန်ထမ်းစုစုပေါင်း ၁၂၀ ကျော် စုရပ်ကျောင်းနေရာမှာ စုပေါင်း လက်မှတ်ထိုးတာ၊ ဖဲကြိုးနီ ရင်ထိုးအနီများထိုးတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့် ဒီမိုကရေစီ၊ တက်ကြွလှုပ်ရှားသူတွေကို  အမြန်ဆုံးပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီစနစ်နဲ့ အနိုင်ရအစိုးရအား အာဏာပြန်ပေးရေး၊ နိုင်ငံရင်ကြားစေ့ရေး နိူင်ငံတကာတောင်းဆိုမှုတွေနဲ့အတူ ဥပဒေအတွင်းမှ စေ့စပ်ဆွေနွေးရေး စတဲ့ အချက်သုံးချက်ကို တောင်းဆိုခဲ့ကြပါတယ်။

တောင်းဆိုချက်တွေကို မလိုက်လျောပါက  ပြည်သူနဲ့အတူ ဆန္ဒပြ ကန့်ကွက်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ကြေညာခဲ့ပါသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024