DVB Logo
Home
Lead Story
“ကုလသမဂ္ဂကို လျှော့တွက်လို့တော့ မရဘူး” -ဒေါက်တာခင်ဇော်ဝင်းနှင့် မေးမြန်းချက်
DVB
·
February 4, 2021
“ကုလသမဂ္ဂကို လျှော့တွက်လို့တော့ မရဘူး” -ဒေါက်တာခင်ဇော်ဝင်းနှင့် မေးမြန်းချက်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို လုံးဝလက်ခံနိုင်စရာမရှိတဲ့ အကြောင်းနဲ့ နိုင်ငံတကာနဲ့ပူး ပေါင်းပြီး စစ်တပ်အာဏာသိမ်းမှု ကျရှုံးသွားအောင် လုပ်မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူချုပ် အန်တိုနီရိုဂူတာရပ်စ်က ထုတ်ဖော်ပြောကြားထားပါတယ်။

ကုလသမဂ္ဂ အကြီးအကဲရဲ့ ဒီပြောဆိုချက်ဟာ လက်တွေ့ကျနိုင်ပါ့လား။  မြန်မာပြည်က စစ်စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက ဘာတွေလုပ်နိုင်မှာလဲ ဆိုတာ   တမ္ပဒီပ အင်စတီကျုရဲ့ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းကို ဒီဗွီဘီက  ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ကုလသမဂ္ဂ အကြီးအကဲကတော့ ဒီလိုတွေပြောနေတယ်။ ကုလသမဂ္ဂမှာ အဲ့ဒါမျိုးဝင်လုပ်ပေးလို့ ရလား။

ဖြေ- အရိုးသားဆုံးပြောရမယ်ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ မရှိဘူးနော်။ ဖိအားပေးတာပဲရှိတယ်။ ကုလသမဂ္ဂက ဘယ်နိုင်ငံကိုမှ ညွှန်ကြားပြီးတော့ ဝင်ပြီးတော့  ဟိုဖျက်လို့ မရဘူး၊ အနှစ် ၇၀ ပဲ ရှိနေပြီ ကုလသမဂ္ဂကြီး ထူထောင်ခဲ့တာလေနော်။ တိုက်တွန်းလို့ ရတယ်။ ပိတ်ဆို့ဒဏ်ခတ်မှု ဆုံးဖြတ်ချက်တွေ လုပ်လို့ရတယ်။ တခြားလုပ်လို့ မရဘူး။ ပါလက်စတိုင်းကိုပဲကြည့်၊ ၁၉၄၇ ခုနှစ်လောက်ကစခဲ့တဲ့ ဇာတ်လမ်း၊ ဘာလုပ်လို့ရလဲ။ ကျနော်တို့လည်း လုပ်စေချင်တာပေါ့ဗျာဟုတ်လား၊ ဒါမျိုးတွေက ဟုတ်မယ်ဆိုရင်တော့ ပြောဖို့မသင့်ဘူး။

မေး--အဲ့ဒါဆို ကုလသမဂ္ဂ အကြီးအကဲတယောက်က ဘာဖြစ်လို့ ဒီလိုပြောလိုက်တာလဲ။

ဖြေ- သူ့အနေနဲ့ မခံစားနိုင်လောက်အောင် ခံစားရလို့လားတော့ မသိဘူးလေဗျာ။ ဒါမှ မဟုတ်နောက်တခု တွေးစရာက တကယ်ပဲ၊ အင်အားကြီးနိုင်ငံတွေက တခုခုလုပ်တော့မယ်၊ ကုလသမဂ္ဂက ဦးဆောင်ပါ၊ သူတို့ကို မီးစိမ်းပြပါ၊ သူတို့ကို တံခါးဖွင့်ပေးပါဆိုရင်တော့ အဲ့ဒါလည်း ဖြစ်နိုင်တာပဲ လျှော့တွက်လို့တော့ မရဘူးနော်။

မေး- ကျနော်တို့နိုင်ငံအတွက် သူ့စကားတခွန်းက ဘယ်လောက်ထိ သက်ရောက်မှု ရှိနိုင်လဲ။

ဖြေ- ခုနကဟာနဲ့ ဆက်ပြီးပြောရမယ်ဆိုရင် ၁၉၅၀ ခုနှစ်ကစလိုက်တဲ့ ကိုရီးယားစစ်ပွဲနော် တောင်ကိုရီးယားကို မြောက်ကိုရီးယားဝင်တိုက်တယ်။ မြောက်ကိုရီးယားနောက်မှာ တရုတ်တွေပါတယ်၊ တရုတ်နီပါတယ်။ တောင်ကိုရီးယားဘက်ကနေ အမေရိကန်က တိုက်တယ်။ တကယ်တော့  စစ်ပွဲက ဆိုပါတော့ဗျာ လွတ်လပ်တဲ့ကမ္ဘာကြီးနဲ့ ကွန်မြူနစ်ကမ္ဘာကြီးနဲ့ ပထမဆုံးစစ်ခင်းတာပဲ။ ဒါပေမဲ့  ကုလသမဂ္ဂတပ်ပါဆိုပြီးတော့ အမှန်တကယ်က အမည်နာမ ပေးအပ်တယ်နော်၊ သူ့အင်အားကအကြီးဆုံးပါပဲ။ ဒါပေမဲ့ ကုလသမဂ္ဂ အလံအောက်မှာ ငါတို့တိုက်တယ်ဟေ့ ဆိုတာလိုလုပ်တာ။ တခြားနိုင်ငံတွေ လည်းဝင်ပါတယ် ။ သြစတြေးလျပါတယ်၊ ယူကေပါတယ်၊ ထိုင်းပါတယ်၊ ပြင်သစ်ပါတယ်၊ အဲ့ဒါမျိုးတွေတော့ ရှိတာပေါ့။ အဲ့လိုဟာမျိုး သူတို့လုပ်မလား မြန်မာပြည်မှာနော်၊ စောင့်တော့ ကြည့်ဦးလေဗျာ။

ဒါပေမဲ့ သူပြောတာတော့ ဒီ့ထက်ပိုပြီးပြင်းထန်တယ်။ ဂူတာရက်စ် တက်လာတော့ သူက လူသားချင်းစာနာတဲ့ဌာနဘက်ကနေ အကြီးအကဲ လုပ်ခဲ့တယ်ဆိုတော့ ဒီဟာတွေ သူအများကြီး စာနာတာပေါ့နော်။ ဒါပေမဲ့ ဒီကိစ္စမှာတော့ ကုလသမဂ္ဂက ကျနော်တို့လည်း သိနေတာပဲ။ ဒီဘက် ခေတ်တွေမှာဆို တော်တော် အီးရော အီးရောနိုင်နေတယ်၊ ဘတ်ဂျက်တောင် မရှိဘူး၊ သိပ်တောင် အယုံအကြည် မရှိကြဘူး။ အခု သူက အင်မတန်ကို စိတ်ထဲမှာ မခံချိမခံသာဖြစ်လို့ ဒီဥစ္စာကို ရှုတ်ချတဲ့အနေနဲ့လုပ်မယ်လိုပြောတာဗျ၊ ဖြစ်နိုင်တယ်၊ ခုနက ကျနော်ပြောတာဖြစ်နိုင်တယ်။ လက်တွေ့က ဒုတိယဟာက ဖြစ်နိုင်တာပေါ့၊ ဒုတိယလမ်းစဉ်ကို ရွေးမယ်ဆိုရင်ဖြစ်နိုင်တယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013