DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဖမ်းဆီးထားသည့် နေရာမသိရသေး၊ ရှေ့နေတွေ့ခွင့်ရရန် ကြိုးစားနေဆဲ
DVB
·
February 4, 2021
သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဖမ်းဆီးထားသည့် နေရာမသိရသေး၊ ရှေ့နေတွေ့ခွင့်ရရန် ကြိုးစားနေဆဲ
Donate to DVB

 လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းခံထား ရတယ်ဆိုတာ မသိရသေးဘဲ ရှေ့နေတွေနဲ့ တွေ့နေရဖို့ ကြိုးစားနေရဆဲပဲလို့ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

"ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာတော့ အသေးစိတ် မသိရသေးဘူး။ ရှေ့နေတွေ တွေ့ဖို့ကတော့ ကြိုးစားနေတယ်။ အခုချိန်ထိတော့ ဘာအခြေအနေမှ မသိရသေးဘူး"

လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဆက်လက်ပြီး ဦးအောင်ကြည်ညွန့်က ပြည်သူတွေအသိရှိရှိ နည်းလမ်းမှန်မှန် တုံ့ပြန် ဆောင်ရွက်သင့်ပြီး ငြိမ်နေလို့ မရဘူးလို့ တိုက်တွန်းပြောပါတယ်။

ဥပဒေပညာရှင်တွေကတော့ အခုလို သမ္မတကို တရားစွဲဆိုတာက လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ဆန့်ကျင်ရာ ရောက်တယ်လို့ ပြောဆိုထားကြပြီး နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးအရရှေ့နေတွေနဲ့ တွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ပေး သင့်တယ်လို့ ဆိုပါတယ်။

သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ တရားစွဲဆိုထားတာ ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့  နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးက ဖေဖေါ်ဝါရီလ ၁ ရက်ကနေ  ၁၅ ရက်အထိ ချုပ်ရမန် ၁၄ ရက် ပေးလိုက်တယ်လို့ အန်အယ်လ်ဒီပါတီ ဗဟိုပြန်ကြားရေးက ဦးကြည်တိုးက အတည်ပြုထားပါတယ်။

သမ္မတဦးဝင်းမြင့်ဟာ စက်တင်ဘာလ ၂၀ ရက်က ဒီချုပ်မဲဆွယ်ယာဉ်တန်းကို သမ္မတ အိမ်တော်ရှေ့ကနေ မိသားစုဝင် နှစ်ဦးနဲ့အတူ လက်ပြနှုတ်ဆက်ခဲ့တာကြောင့် ကိုဗစ်ကာလမှာ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်တယ်ဆိုပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုမှာလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဖေဖော်ဝါရီလ ၁ ရက်မနက်မှာ  အတိုင်ပင်ခံရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေရာမှာ အနီးကပ်လုံခြုံရေးအဖွဲ့ထံကနေ Icom စကားပြောစက်တွေ တွေ့ရှိခဲ့တာကြောင့် ဆက်သွယ်ရေးပစ္စည်းတွေကို ခွင့်ပြုချက်မရှိဘဲ တင်သွင်းမှုနဲ့ တရားစွဲဆိုမှာလို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013