DVB Logo
Home
မြန်မာသတင်း
ပဲခူးဆေးရုံဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း အသင်း ၆ ခုက စစ်အစိုးရလက်အောက် တာဝန် မထမ်းဆောင်တော့ဟု ကြေညာ
DVB
·
February 4, 2021
ပဲခူးဆေးရုံဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း အသင်း ၆ ခုက စစ်အစိုးရလက်အောက် တာဝန် မထမ်းဆောင်တော့ဟု ကြေညာ
Donate to DVB

ပဲခူးမြို့ ခုတင် ၅၀၀ အထူးကုဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေကနေ စစ်အစိုးရ လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့ကြောင့် ဖေဖော်ဝါရီ ၂ ရက်နေ့က ဆန္ဒသဘောထား ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့  စေတနာ့ဝန်ထမ်း အသင်းတွေက တာဝန်မထမ်းဆောင်လိုကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်သမ္မတကို  မတရားအာဏာသိမ်း ဖမ်းဆီးထားပြီး ခိုင်လုံမှုမရှိပဲစွပ်စွဲခဲ့မှုတွေအပေါ် ပဲခူးမြို့ပရဟိတ အသိုက်အဝိုင်းကနေ ရှုတ်ချတဲ့အနေနဲ့ ခုလိုသဘောထားထုတ်ပြန်တာလို့ ပဲခူး အထက ၅ Quantene Center က တာဝန်ခံ ကိုစိုးလွင်ကျော်နဲ့ အပြာရောင်လက်များအသင်း ပရဟိတအဖွဲ့က မအေးအေးနိုင်တို့က ပြောပါတယ်။

ပဲခူးမြို့က KZ Volunteer Team အသောက Quantine Center Team ရွှေညီကိုအသင်း၊ ကျွန်းသာယာလူငယ်အသင်း အပြာရောင်လက်များအသင်းနဲ့ မေတ္တာကမ်းလက်များအသင်းတို့က ပရဟိတ ညီကိုမောင်နှမတွေ ၃၀၀ ဝန်းကျင်လောက်ကလည်း အာဏာသိမ်းအစိုးရလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့ကြောင်း ​ဖေဖော်ဝါရီ ၃ ရက်က သဘောထား ထုတ်ပြန်လိုက်တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013