
မန္တလေးမြို့၊ ဆေးတက္ကသိုလ်ရှေ့မှာ စစ်အာဏာသိမ်းတာကို ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
စစ်တပ်ရဲ့အာဏာသိမ်းတာကို လုံးဝလက်မခံနိုင်တဲ့အတွက် ပြည်သူတွေရဲ့ မူလရပိုင်ခွင့်ဖြစ်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပိုင်ခွင့်နဲ့ အညီလုပ်ဆောင်တာလို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ သူတစ်ဦးက ပြောပါတယ်။
ဆန္ဒပြတာကို စစ်အာဏာရှင်စနစ်အလိုမရှိသူတွေက လုပ်ဆောင်တာဖြစ်ပြီး ဒီမိုကရေစီကို ကာကွယ်ကြ၊ အကြမ်းဖက်မှုလူထုလက်မခံ၊ လက်နက်အားကိုးဝါဒ ဆန့်ကျင်ကြ စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားပါတယ်။
၁၅ မိနစ်လောက် ဆန္ဒပြအပြီးမှာတော့ ဆန္ဒပြတောင်းဆိုတာကို ရုတ်သိမ်းခဲ့ပါတယ်။











