DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်အစိုးရက ဖေ့စ်ဘွတ်ခ် အသုံးပြုမှုကို စတင်ကန့်သတ်ပိတ်ပင်
DVB
·
February 4, 2021
အာဏာသိမ်းစစ်အစိုးရက ဖေ့စ်ဘွတ်ခ် အသုံးပြုမှုကို စတင်ကန့်သတ်ပိတ်ပင်
Donate to DVB

အာဏာသိမ်းစစ်အစိုးရက မြန်မာနိုင်ငံမှာ  ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အသုံးပြုမှုကို ဒီကနေ့ စတင်ကန့်သတ်ပိတ်ပင်လိုက်ပါတယ်။

ဖေ့စ်ဘွတ်ခ် အသုံးမပြုနိုင်ရေးအတွက်ဆက်သွယ်ရေးအော်ပရေတာတွေ၊ International Gateway ဆောင်ရွက်ခွင့်ရှိသူတွေ၊ ISP (Internet  Service Provider)တွေအနေနဲ့ အကြောင်းကြားတဲ့အချိန်ကစပြီး ဖေဖော်ဝါရီ ၇ ရက် အထိပိတ်ထားဖို့ ညွှန်ကြားထားတဲ့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့စာမှာ ဖော်ပြပါတယ်။ 

လက်ရှိကာလမှာ အဖျက်အမှောင့် လုပ်နေသူတွေက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို အသုံးပြုပြီး နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့၊ အများပြည်သူကြား အထင်အမြင်လွဲမှား စေတဲ့ သွေးထိုးလှုံ့ဆော်မှုတွေ၊ မဟုတ်မမှန်သတင်းတွေကို ဖြန့်ဝေနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပိတ်ပင်တာလို့ဆိုပါတယ်။

ဒီမနက်ပိုင်းမှာတော့ အော်ပရေတာတချို့က ဖေ့စ်ဘွတ်ခ်ကို အသုံးပြုလို့မရအောင် စတင်ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဝန်ကြီးဌာနဘက်ကို ဆက်သွယ်လို့ မရသေးပါဘူး။ ဒီလိုဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ‌တော့ ဝေဖန်မှုတွေရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013