DVB Logo
Home
မြန်မာသတင်း
သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမှုဖွင့် ရမန်ယူ
DVB
·
February 3, 2021
သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမှုဖွင့် ရမန်ယူ
Donate to DVB

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅နဲ့ အမှုဖွင့်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ အရ အမှုဖွင့်ထားကာ ဇမ္ဗူသီရိမြို့နယ်တရားရုံးက ချုပ်ရက် ရမန်ပေးထားတယ်လို့ အန်အယ်လ်ဒီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက  အတည်ပြုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀  ရက်က နေပြည်တော်မှာ အန်အယ်လ်ဒီ ခရိုင် ပါတီဥက္ကဋ္ဌ ဦးမင်းသူ ခေါင်းဆောင်ပြီး ဆိုင်ကယ်နဲ့ ကားတွေအပါအဝင် လူ ၇၆၀ လောက်နဲ့ ကားကမ်ပိန်းလုပ်ခဲ့တာကို သမ္မတ အိမ်တော် ပေါက်ဝကနေ သမ္မတ ဦးဝင်းမြင့်က ကြိုဆိုနှုတ်ဆက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ ရဲမှူး မြင့်နိုင်က တရားလိုပြုလုပ်  တရားစွဲဆိုလိုက်တာပါ။

ဒီအမှုနဲ့ ပတ်သက်ပြီး သက်သေ စစ်ဆေးပြီး ဥပဒေအကြံပြုချက် တောင်းခံဖို့  သမ္မတ  ဦးဝင်းမြင့်ကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အထိ ချုပ်နှောင်ခွင့်ပြုဖို့ ရမန်တောင်းခဲ့တာ လို့ သိရပါတယ်။

အလားတူ  စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်က နေပြည်တော်ရှိ   နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို  ဗိုလ်မှူးလင်းထွဋ် ဦးစီးတဲ့အဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ အနီးကပ်လုံခြုံရေးအဖွဲ့ထံမှ ICOM စကားပြောစက် ၁ လုံး ဂိတ်ကင်းမှာ စကားပြောစက် ၃ လုံး၊ ကိုယ်ရေးအရာရှိအဆောင်မှာ စကားပြောစက် ၁ လုံးနဲ့ JUMBER တစ်စုံတွေ့ရှိရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတင်းရဲတပ်ဖွဲ့မှ ရဲမှူးကြည်လင်က တရားလိုပြုလုပ် တရားစွဲဆိုလိုက်တာလို့ သိရပါတယ်။ 

ဒီအမှုနဲ့ ပတ်သက်ပြီး သက်သေ စစ်ဆေးပြီး ဥပဒေအကြံပြုချက် တောင်းခံဖို့ ဒေါ်အောင်ဆန်းစုကြည်ကို  ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အထိ ချုပ်နှောင်ခွင့်ပြုဖို့ တောင်းခံထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့က အွန်လိုင်းကတစ်ဆင့် ရုံးတင်စစ်ဆေးခဲ့တယ်လို့  သတင်းထွက်ပေါ်နေပြီး ဒီတင်းကို ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဓာတ်ပုံ - သမတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013