DVB Logo
Home
မြန်မာသတင်း
အမေရိကန် ဒေါ်လာစျေး ၃ ရက်အတွင်း ၁၄၄၀ ဝန်းကျင်ထိ ဖြစ်လာ
DVB
·
February 3, 2021
အမေရိကန် ဒေါ်လာစျေး ၃ ရက်အတွင်း ၁၄၄၀ ဝန်းကျင်ထိ ဖြစ်လာ
Donate to DVB

ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပြည်တွင်း ရွှေစျေးနှုန်းနဲ့အတူ ဒေါ်လာငွေလဲနှုန်းလည်း ဝယ်လိုအားများလို့ တစ်ဒေါ်လာကို ၁၄၄၀ ကျပ်ဝန်းကျင်ထိ စျေးခုန်တက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ တစ်ဒေါ်လာကို ကျပ် ၁၃၅၀ ဝန်းကျင်မှာပဲရှိနေခဲ့တာပါ။ လတ်တလောထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းအမှားတွေကြောင့် ပြည်သူအချို့က စိုးရိမ်မှုတွေနဲ့အတူ ဘဏ်တွေကငွေ ထုတ်ယူပြီး ဒေါ်လာနဲ့ ရွှေဝယ်ယူ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာတာကြောင့် အခုလို မြင့်တက်လာတာလို့ ဝါးခယ်မငွေလဲလုပ်ငန်းက ဒေါက်တာ စိုးထွန်းက ဆိုပါတယ်။ 

ဒါပေမဲ့ စျေးကွက်သဘောတရားကြောင့်မဟုတ်ဘဲ ကောလာဟလကြောင့် မြင့်တက်ခြင်း ဖြစ်တာကြောင့်  ရွှေစျေးကော၊ ဒေါ်လာစျေးပါ မကြာခင် ပြန်လည်ကျဆင်းသွားမယ်လို့ စျေးကွက် ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဗဟိုဘဏ်က ငွေစက္ကူတွေ ပြန်သိမ်းမယ်ဆိုတာ ကောလာဟလသာဖြစ်ပြီး၊ ပြည်သူတွေ မစိုးရိမ်ကြဖို့ ထုတ်ပြန်အပြီးမှာတော့ ရွှေစျေးနဲ့ ဒေါ်လာစျေး အနည်းငယ် ပြန်လည်ကျဆင်းလာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013