DVB Logo
Home
အာရှဒေသ
အိန္ဒိယ ကလေး ပုလိပ်
DVB
·
September 26, 2013
အိန္ဒိယ ကလေး ပုလိပ်
Donate to DVB

အင်နီမက်ရှ်က ခုမှ အသက် ၈ နှစ်ပဲရှိပါသေးတယ်။ ဒါပေမယ့် သူက အခု သူ့ရဲ့ ယူနီဖောင်းကို ၀တ်ရင်း အလုပ်လုပ်ဖို့ အဆင်သင့်ရှိနေပါပြီ။ အသက် ၃၂ ရှိပြီဖြစ်တဲ့ မိခင်ဆာရိုရိုနီကတော့ သူ့သားအတွက် စိတ်မကောင်းဘူးလို့ ပြော ပါတယ်။

“တခြားကလေးတွေက ဒီအသက်မှာ ကစားနေကြတုန်းလေ။ ဒါပေမယ့် ကျမတို့က သူ့ကို အလုပ်ခွင်ကို ပို့ရတော့မှာပါ။ အဲဒါက ကျမတို့အတွက် တကယ့်ကို ခက်ခဲတဲ့အခြေအနေပါပဲရှင်။ ကျမတို့မှာ ရွေးချယ်စရာ မရှိပါဘူး"

အင်နီမက်ရှ်ရဲ့ အဖေက အင်နီမက်ရှ် ကလေး ၂ နှစ်သားကတည်းက သေဆုံးသွားခဲ့တဲ့ ရဲတပ်သားတယောက်ပါ။

ကလေးက ငယ်သေးတဲ့အတွက် အဲဒီတုန်းက အဖြစ်အပျက်တွေကို ဘာမှမသိဘူးလို့ ဦးလေးဖြစ်တဲ့ ချန်ဒရာကန့် ဒါဟီရီယာ က ပြောပါတယ်။

“ရထားတံခါးမှာရပ်ပြီး ဘူတာကို ကြည့်နေတဲ့အချိန်မှာ ရထားလမ်းက တိုင်တတိုင်နဲ့ သူ့ခေါင်းနဲ့ တိုက်မိပါတယ်။ နေရာမှာပဲ သူသေဆုံးသွားတယ်လေ။ ကျနော်တို့က အဲဒီမတော်တဆ ထိခိုက်မှုကို နောက်တနေ့ကျမှပဲ သိခဲ့ရတာပါ။”

အင်နီမက်ရှ်ကတော့ အသက် ၅ နှစ်သားမှာတင် ကလေးပုလိပ်တယောက်အဖြစ် အလုပ်စလုပ်ခဲ့ပါတယ်။

“ကျနော် ရုံးမှာ အလုပ်လုပ်တယ်လေ။ ကျနော်က အဲဒီကို မသွားချင်ပါဘူး။ သူတို့က ကျနော့်ကို အမြဲပဲ ရယ်စရာအဖြစ် သဘောထားနေတာပဲ။”

သူ့အမေကတော့ အင်နီမက်ရှ်ကို အလုပ်ဆက်လုပ်ဖို့ ဆွယ်နေရပါတယ်။

“ကျမက သူ့ကို ချောကလက် ဒါမှမဟုတ် ရေခဲမုန့် ဒါမှမဟုတ် တခြားဟာတွေ ပေးပြီး သူ့ကို အလုပ်သွားအောင်လုပ်ရတယ်ရှင့်။ အရင်တုန်းကဆို ကျမက သူ့ကို ရုံးကို ခေါ်သွားပေးရတယ်လေ။ ဒါမှမဟုတ်လည်း ကျမအစ်ကိုက ပို့ပေးရတာပေါ့။ ခုတော့ သူက သူ့စက်ဘီးလေးနဲ့သွားနေပါပြီ။”

အင်နီမက်ရှ်က ချာဟာဒစ်စကာ ပုလိပ်ဌာနမှာ အလုပ်လုပ်နေတဲ့ တဦးတည်းသော ကလေးတော့ မဟုတ်ပါဘူ။ ရာနဲ့ချီပြီး ရှိနေပါတယ်။ သူတို့က ဖိုင်တွေကို စာပွဲတခုက တခုကို သယ်ပေးရ၊ အခန်းသန့်ရှင်ရေးလုပ်ရ၊ အထက်အရာရှိတွေကို လက်ဖက်ရည် တည်ခင်းပေးရပါတယ်။ အဲဒီအတွက် တလကို အမေရိကန်ဒေါ်လာ ၈၀ ရပါတယ်။

ကလေးရဲအရာရှိတွေဟာ ချာဟာဒစ်စကာ ပြည်နယ်ရဲ့ ပုလိပ်မူဝါဒရဲ့ တစိတ်တပိုင်းပါ။ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ ရဲအရာရှိတွေရဲ့ ကလေးတွေကို အလုပ်ခန့်ထားတာပါ။

ကလေးတွေက တပတ်မှာ ၃ ရက် အလုပ်လုပ်ရပါတယ်။ ရုံးတက်ရက်မှာ သူတို့တွေ ကျောင်းပျက်ကြရပါတယ်။

လူ့အခွင့်အရေး အာရှဗဟိုဌာနက အဲဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ်က အမှုဖွင့် တရားစွဲဆိုထားတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အာနီယာဘင်ပသက်က ပြောပါတယ်။

“အသက် ၅ နှစ်သားကလေး ကျောင်းသွားရမယ့်အရွယ်မှာ အလုပ်ကို သွားခိုင်းတာဟာ တကယ့်ကို လူမဆန်တာပဲပေါ့ဗျာ။ ပုလိပ်ဌာနက တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားခဲ့တဲ့ အရာရှိတွေရဲ့ လစာကို အပြည့်အ၀ ပေးသင့်တာပေါ့။ ဒါပေမယ့် ဒီလို ကလေးငယ်လေးတွေကို ရုံးကို လာဖို့တော့ သူတို့ မပြောသင့်ဘူးပေါ့ဗျာ။ ကျနော်တို့က ပုလိပ်ဌာနကို အဲဒီလုပ်ရပ်ကို ရပ်ဆိုင်းဖို့ စာတစောင် ရေးထားပါတယ်။ ဒါပေမယ့် ခုထိကတော့ သူတို့ဘာမှ မလုပ်သေးပါဘူး။”

အင်နီမက်က အလုပ်ခွင်ကို သူ့စက်ဘီးလေးနဲ့ သွားနေပါတယ်။ သူ့ရဲ့ ပုလိပ်အရာရှိဝတ်စုံလေးနဲ့ ပေါ့လေ။ သူငယ်ချင်းတွေကတော့ သူ့ကို မကြာခဏ လှောင်ပြောင်တာနဲ့လည်း မကြာခဏ ကြုံရပါတယ်။

“သူတို့က ကျနော့်ကို ကလေးပုလိပ်လို့ ခေါ်ကြတယ်ဗျ။ ကျနော်လည်း ရုံးသွားရတာကို မကြိုက်ပါဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013