
ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံရှိ စာသင်ကျောင်းပေါင်း ၇၆၃ ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ အီရန်ကြက်ခြေနီအသင်းက အတည်ပြုပါတယ်။
ကျန်းမာရေးနဲ့ ဆေးကုစင်တာ ၃၂၂ ခု အပါအဝင် သိပ္ပံနဲ့ ကျောင်း ၁၈ ခု၊ ကြက်ခြေနီအဆောက်အအုံ ၂၀ နဲ့ စီးပွားရေးအဆောက်အအုံ စုစုပေါင်း ၂၂,၈၁၀ ပါဝင်တယ်လို့ ကြက်ခြေနီအသင်း ဥက္ကဋ္ဌက ပြောခဲ့တာပါ။
အရေးပေါ်ကိစ္စတွေမှာ အသုံးပြုတဲ့ ရဟတ်ယာဉ် ၃ စင်း၊ လူနာတင်ယာဉ် ၄၆ စီး၊ လုပ်ငန်းသုံးယာဉ် ၄၈ စင်းတို့လည်း ထိခိုက်ပျက်စီးမှုမှာ ပါဝင်တယ်လို့ ဆိုပါတယ်။
ကြက်ခြေနီဝန်ထမ်း ၄ ယောက်နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ယောက် သေဆုံးမှုအပါအဝင် အရေးပေါ်ကယ်ဆယ်ရေးသမား ၁၈ ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။ ဆေးဝန်ထမ်း ၂၄ ယောက် အသတ်ခံရပြီး ၁၁၆ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ ကူဇီစတန်ရှိ ရေနံစက်ရုံတွေနဲ့ ရှာလမ်ချမ်နယ်စပ်ကုန်သွယ်ရေးဂိတ်၊ ရှာဟစ်တက္ကသိုလ် သိပ္ပံခန်းတွေနဲ့ လူနေအိမ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











