DVB Logo
Home
မြန်မာသတင်း
တပ်မတော်အာဏာသိမ်းမှုကို အပစ်ရပ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ကန့်ကွက်
DVB
·
February 2, 2021
တပ်မတော်အာဏာသိမ်းမှုကို အပစ်ရပ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ကန့်ကွက်
1 / 2
Donate to DVB

လက်ရှိနိုင်ငံရေးအကျပ်အတည်းကို တပ်မတော်က အာဏာသိမ်းယူတဲ့နည်းလမ်းနဲ့‌ ဖြေရှင်းတာကို ဆန့်ကျင်ကန့်ကွက်ပြီး ဖမ်းထားတဲ့ ခေါင်းဆောင်တွေကို ခြွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးဖို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက ကြေညာချက်ထုတ်ပြန်ပါတယ်။

တစ်နိုင်ငံလုံပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ထိုးထားတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အထူးအစည်းအဝေးအပြီးမှာ ထုတ်ပြန်ခဲ့တာပါ။

နိုင်ငံရေးပြဿနာကို အင်အားသုံး‌ဖြေရှင်းခြင်းမပြုဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးအ‌ဖြေရှာဖို့တိုက်တွန်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အန်စီအေ လမ်းကြောင်းအတိုင်း ရပ်တည်ပြီး ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက ပါဝင်‌ဖြေရှင်းပေးဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013