DVB Logo
Home
မြန်မာသတင်း
အကျဉ်းသား  ၂၃၄ ဦးကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ပြန်လွှတ်ပေး  
DVB
·
April 17, 2026
Photo: IEC-Karenni State
Photo: IEC-Karenni State
Donate to DVB

ကရင်နီပြည်နယ်ထဲမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ  ၂၃၀ ကျော်ကို မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့   ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဧပြီ ၁၇ ရက် ဒီကနေ့မနက်ကြေညာပါတယ်။

မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှု အရလည်းကောင်း၊ အကျဉ်းထောင်/စခန်း အသီးသီးမှာ အကျဉ်းကျခံနေနေရတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိတဲ့ အကျဉ်းသား ၂၅ ယောက်၊  လွတ်ငြိမ်းသက်သာခွင့်ရရှိတဲ့ ၂၀၉ ယောက်  စုစုပေါင်း အကျဉ်းသူ၊  အကျဉ်သား ၂၃၄ ယောက်တို့ကို  ကရင်နီပြည်ရဲ့ ကြားကာလအစီအမံ အပိုဒ် (၇၅)၊ အပိုဒ်ခွဲ (ခ) အရ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့  သက်သာခွင့်ပေးတွေပေးလိုက်တာလို့ ဥက္ကဋ္ဌ ခူးဦးရယ်ရဲ့ အမိန့်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာသူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013