
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးသိန်းဝင်း ပြန်လည်လွတ်မြောက်လာပြီး ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ စည်ပင်ဝန်ကြီးနဲ့ ပဲခူးတိုင်း အန်အယ်လ်ဒီ ဥက္ကဋ္ဌတို့ ထိန်းသိန်းခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
မနေ့က တချို့ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နေအိမ်ပြန်ပို့ပေးခဲ့ပေမယ့် ပဲခူးတိုင်းဝန်ကြီးချုပ်ကိုတော့ ဒီကနေ့ မနက်မှာ နေအိမ် ပြန်ပို့ပေးခဲ့တာဖြစ်ပါတယ်။
ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ တိုင်း အန်အယ်လ်ဒီ ဥက္ကဋ္ဌ အပါအဝင် စည်ပင်ဝန်ကြီးလည်းဖြစ် ခရိုင် အန်အယ်လ်ဒီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာစောညိုဝင်းတို့ ၃ ဦးကိုတော့ စစ်တပ်ကနေ ပြန်လွှတ်မပေးသေးဘူးလို့ ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က ဒီဗွီဘီကို ကိုပြောပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့က မနက်ကတည်းက အစိုးရအဖွဲ့ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ် တိုင်းတရားသူကြီးချုပ်အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေကို စစ်တပ်ကနေ ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
သတင်း - အောင်စိုးမိုး











