DVB Logo
Home
မြန်မာသတင်း
ဖမ်းထားသူများ လွှတ်ပေးရန်နှင့် ရွေးကောက်ပွဲရလဒ်အသိအမှတ်ပြုရန် အန်အယ်လ်ဒီတောင်းဆို
DVB
·
February 2, 2021
ဖမ်းထားသူများ လွှတ်ပေးရန်နှင့် ရွေးကောက်ပွဲရလဒ်အသိအမှတ်ပြုရန် အန်အယ်လ်ဒီတောင်းဆို
Donate to DVB

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူတွေကိ  အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပေးဖို့ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူကာ  အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တာနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီက ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တတိယအကြိမ် လွှတ်တော်ခေါ်ယူဖို့၊ နိုင်ငံတော် တည်ငြိမ်ရေး၊ ပြည်သူတို့ရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းရေး၊ ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားရေးအတွက် အလေးအနက် တောင်းဆိုတယ်လို့ ဆိုပါတယ်။

တတိယအကြိမ် လွှတ်တော် အစည်းအဝေး မတိုင်မီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် အာဏာသိမ်းခဲ့တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆောင်ရွက်တာ ဖြစ်တဲ့အပြင် အချုပ်အခြာ အာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသားတွေရဲ့ အချုပ်အချာကို မျက်ကွယ်ပြုတာဖြစ်သလို နိုင်ငံတော်နဲ့ တပ်မတော် သမိုင်းကိုလည်း ညစ်နွမ်းစေတဲ့ ဆောင်ရွက်ချက်ဖြစ်တယ်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့  ကြေညာချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013