ပဲခူးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးနှင့်လွှတ်တော်ကိုယ်စားလှယ် အချို့ ပြန်လွတ်

တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဝန်ကြီးတချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ နေအိမ်ပြန်ရောက်ပေမယ့် ဝန်ကြီးချုပ်နဲ့ စည်ပင်ဝန်ကြီးတို့ ကျန်နေသေးတယ်လို့ ပဲခူးတိုင်း စီမံ/ဘဏ္ဍာဝန်ကြီးက ပြောပါတယ်။
စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးညွန့်ရွှေက “ဖေဖော်ဝါရီ ၂ ရက်နေ့မနက်အထိ ပဲခူးတိုင်းဝန်းကြီးချုပ် ဦးဝင်းသိန်း စည်ပင်ဝန်ကြီး ဒေါက်တာစောညိုဝင်းနဲ့ ပဲခူးတိုင်း NLD တိုင်းဥက္ကဋ္ဌလည်းဖြစ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးသိန်းဒန်တို့ ခုချိန်ထိ ပြန်ရောက်မလာဘဲ့ ကျန်နေခဲ့တယ်” လို့ ဒီနေ့မနက်မှာ ဒီဗွီဘီကို ပြောပါတယ်။
ပဲခူးတိုင်း ဝန်ကြီးတချို့နဲ့ တရားသူကြီးချုပ် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တချို့ကို နေအိမ်တွေမှ တပ်မတော်က လာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့က နေအိမ်အသီးသီးပြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
သတင်း - အောင်စိုးမိုး











