DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှု လက်မခံနိုင်စရာလုပ်ရပ်ဖြစ်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်ပြော
DVB
·
February 2, 2021
စစ်အာဏာသိမ်းမှု လက်မခံနိုင်စရာလုပ်ရပ်ဖြစ်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်ပြော
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဟာ တရားလွန်တဲ့ လက်မခံနိုင်စရာ လုပ်ရပ်ဖြစ်ပြီး ဒီမိုကရေစီပယ်ဖျက်ခံရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် တွန်မ်အန်ဒရူးစ်က ဖေဖော်ဝါရီ ၁ ရက်မှာ ပြောလိုက်ပါတယ်။

အန်ဒရူးစ်က “လူတွေ အများကြီး အထိန်းသိမ်းခံထားရတယ်။ ဗိုလ်ချုပ်တွေ ရေးခဲ့ပြီး ကျန်ခဲ့တဲ့ ၄၈ နာရီ အတွင်းကမှ အပြည့်အဝ လိုက်နာပါ့မယ်လို့ ကတိပေးထားတဲ့ အခြေခံဥပဒေလည်း အခု ပယ်ဖျက်ခံရတယ်။ ဒီတော့ ဒီလောက် တရားလွန်တာ မရှိတော့ဘူး။ နက်နက်ရှိုင်းရှိုင်းကို ထိတ်လန့် စိုးရိမ်စရာကောင်းတယ်”လို့  ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၂၀ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရပြီး  ပထမဆုံးအကြိမ် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးမတိုင်ခင် နာရီပိုင်းအလိုမှာ စစ်တပ်က မဲစာရင်းကိစ္စ အကြောင်းပြပြီး အာဏာသိမ်းခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013