DVB Logo
Home
မြန်မာသတင်း
လာမယ့်လွှတ်တော်အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေကြမ်း အဓိက ဆွေးနွေးမည်
DVB
·
September 25, 2013
လာမယ့်လွှတ်တော်အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေကြမ်း အဓိက ဆွေးနွေးမည်
Donate to DVB

လာမယ့်အောက်တိုဘာလဆန်းမှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေမှာ  သမ္မတ သဘောထားမှတ်ချက်နဲ့ ပြန်လည်ပေးပို့ထားတဲ့ ဥပဒေကြမ်း ၃ခုကို  ဆွေးနွေး ဆုံးဖြတ်ကြဖို့ရှိပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးအတွင်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူ ဆုံးဖြတ်ချက်တွေနဲ့ သမ္မတထံ ပေးပို့ခဲ့တဲ့ ဆက်သွယ်ရေးဥပဒေကြမ်းပါ ဥပဒေကြမ်း ၃ ခုကို သမ္မတက လွှတ်တော်ထံ သဘောထားမှတ်ချက်နဲ့ ပြန်လည်ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင်၊ မကွေးတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အခုလိုပြောပါတယ်။

“အခု ပန်ပို့လိုက်တဲ့ ဥပဒေကြမ်းတွေက ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း၊ အဲဒီမှာ သမ္မတကြီးက ပြင်ဆင်ချက် ၄ ခုရယ်၊ ၃ ခုရယ်နဲ့ အကြံပေးချက်နဲ့ ပြန်ချပေးတယ်။ နောက်ဥပဒေက ဆက်သွယ်ရေး ဥပဒေကြမ်း။ အဲဒီဆက်သွယ်ရေး ဥပဒေကြမ်းကတော့ သမ္မတက ပြင်ဆင်သင့်ပါတယ်ဆိုတဲ့ အချက် ၅ ချက်နဲ့ ဒါလေးတွေ ပြင်ဆင်မှုကောင်းပါတယ်ဆိုတဲ့ ပြင်ဆင်ချက် ၅ ခုနဲ့ ပြန်ချပေးလိုက်တာပဲ။ နောက်တခုက တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်း၊ အဲဒီဥပဒေမှာကတော့ သမ္မတကြီးက အကြံပြုချက်ပေါင်း ၅ ခုနဲ့ ဒါလေးတွေ ကျနော်ဆီပြန်ချပေးလိုက်တာပဲ”

အဲ့ဒီဥပဒေကြမ်း ၃ ခုကို ပြည်ထောင်စုလွှတ်တော်မှာ ပြန်ဆွေးနွေးကြရဦးမယ်လို့ ပြောပါတယ်။

လာမယ့်လွှတ်တော်ထဲ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးမယ့် ဥပဒေကြမ်း ၇ ခု ရှိပါတယ်။

ဘက်စုံပို့ဆောင်ရေးဥပဒေ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၊ နေပြည်တော်စည်ပင်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ၊ တိုင်းရင်းဆေးဝါး ဥပဒေ၊အဆိပ်များ ဥပဒေနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေတို့ ဖြစ်ပါတယ်။

အလားတူ ပြည်သူ့လွှတ်တော်က တင်သွင်းဖို့ ရှိနေတာနဲ့ ဆွေးနွေးဖို့ ရှိနေတဲ့ ဥပဒေကြမ်းပေါင်း ၃၀ လောက်ရှိပါတယ်။

ဒီတကြိမ်လွှတ်တော်မှာ လွှတ်တော် ၂ ရပ်စလုံးက အတည်ပြုဖို့ရှိတဲ့ ဥပဒေကြမ်းတွေက ဆက်သွယ်ရေးဥပဒေ၊ ပုံနှိပ်ထုတ်ဝေဥပဒေ၊ သတင်းမီဒီယာဥပဒေနဲ့ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးဥပဒေတို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013