DVB Logo
Home
မြန်မာသတင်း
နေပြည်တော် လယ်ဝေးမြို့ ရေကြီး၊ ၁ ဦး သေဆုံး
DVB
·
September 25, 2013
နေပြည်တော် လယ်ဝေးမြို့ ရေကြီး၊ ၁ ဦး သေဆုံး
Donate to DVB

နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း မိုးများပြီး ရေကြီးတာကြောင့် ရွာ ၃ ရွာ ရေလွှမ်းမိုးပြီး လူ ၁ ဦး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၂၄ ရက်က ရွာသွန်းတဲ့မိုးကြောင့် တောင်ကျရေနဲ့ ဆည်ရေတွေ ဆင်းလာပြီး၊ လယ်ဝေးမြို့နယ်ထဲက ခရမ်းကိုင်း၊ ဆင်ဆိပ်နဲ့ ညောင်ကုန်း စတဲ့ ရွာ ၃ ရွာ ရေကြီးခဲ့တာဖြစ်ပြီး ရေဆင်းကူးတဲ့ လူငယ်တဦး သေဆုံးခဲ့တယ်လို့ ရေဘေးကယ်ဆယ်ရေးသွားလုပ်နေတဲ့ ပျဉ်းမနားမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နယက ဦးအေးသောင်က ပြောပါတယ်။

“မနေ့က နှစ်ရက် မိုးကြီးရွာလိုက်တယ်လေ။ မိုးကြီးကြီးရွာလိုက်တဲ့အခါကြတော့ လယ်ဝေးမြို့နယ် အထက်ကရေတွေအားလုံး၊ ဆည်ရေတွေရော အကုန်ပေါင်း အကုန်ကျတော့ နေပြည်တော်လေဆိပ်လမ်း အဲဒီလေဆိပ်လမ်းက ရေထွက်ပေါက်က သေးနေတဲ့အခါကြတော့ အဲဒီမှာ ရေတွေလွှမ်းသွားတယ်။ ဆင်ဆိပ်ဆိုရင် တရွာလုံး လွှမ်းသွားတာ။ အားလုံး ဆင်ဆိပ်ရွာ အိမ်ခြေ ၁၀၀ လောက်ရှိတယ်။ အဲဒီတော့ ခရမ်းကိုင်းက သုံးပုံ ၂ ပုံရေလွှမ်းသွားတယ်။ ညောင်ကုန်းက ၅၀ ရာခိုင်နှုန်းလောက် ရေလွှမ်းသွားတယ်။ ခရမ်းကိုင်းက လူငယ်တယောက်က ရေအောက်ဆင်းပြီးတော့ ရေနည်းနည်း ကူးလိုက်တဲ့အခါမှာ ရေမကူးတတ်ပဲနဲ့ ရေမြုပ်သွားတာပေါ့။ ပြန်ဆယ်တဲ့အခါကြတော့ အသက်မရှိတော့ဘူး။”

ရွာ ၃ ရွာက ရေဘေးသင့်ပြည်သူပေါင်း ၄၀၀ လောက်ကို လယ်ဝေးမြို့နယ်နဲ့ ပျဉ်းမနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ ဒေသခံ ကြက်ခြေနီတွေက ရေလွတ်ရာ ရွှေပြောင်းပေးခဲ့ကြပြီး ထမင်းထုပ်နဲ့ ရေသန့်ဘူးတွေ ဝေပေးခဲ့တယ်လို့ ပြောပါတယ်။

ရွာတာရိုးလမ်းတွေမှာ ရေအနက် ငါးပေလောက်အထိ မြင့်တက်နေတာဖြစ်ပြီး ရွာထဲမှာတော့ ၇ ပေလောက်ထိ ရေတက်နေတာဖြစ်ပါတယ်။
ရေဘေးသင့်ပြည်သူတချို့ကို လယ်ဝေးမြို့နယ်၊ ဖောင်တော်ချက်မဘုရားမှာ လောလောဆယ်နေရာ ချထားပေးပြီး အခုထိ ရေပြန်မကျသေးဘူးလို့ သိရပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/Naypidaw flooding/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013