DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်အဖွဲ့ဝင်များကို အယုံအကြည်မရှိ လက်မခံကြောင်း ဆေး-၂ သမဂ္ဂ ထုတ်ပြန်
DVB
·
February 2, 2021
အစိုးရသစ်အဖွဲ့ဝင်များကို အယုံအကြည်မရှိ လက်မခံကြောင်း ဆေး-၂ သမဂ္ဂ ထုတ်ပြန်
Donate to DVB

အာဏာသိမ်းတပ်မတော်က အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ဝင်တွေကို အယုံအကြည်မရှိ လက်မခံကြောင်း ဆေးတက္ကသိုလ်-၂ ရန်ကုန် ကျောင်းသားများသမဂ္ဂက ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့အား တပ်မတော်က အတင်းအကျပ် အာဏာသိမ်းယူလိုက်ပြီး အစိုးရအဖွဲ့ခေါင်းဆောင်တွေအား ဖမ်းဆီးတဲ့အပြင် အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ အစိုးရအဖွဲ့တခုကို ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

ဆေး-၂ သမဂ္ဂက “မိမိတို့ ဆန္ဒမဲပေးခဲ့သော အစိုးရသည်သာ တခုတည်းသော တည်ဆဲအစိုးရဖြစ်ပြီး စစ်အုပ်စု၏အသစ်ဖွဲ့စည်းသော အစိုးရအဖွဲ့ဝင်များကို အယုံအကြည်မရှိ၊ လက်မခံပါ။ ထိုးနည်းတူစွာ ဆရာဆရာမတို့အနေဖြင့်လည်း မိမိတို့၏ကိုယ်စီဆန္ဒအလျောက် စစ်အစိုးရရဲ့ ယန္တရားထဲ မပါဘဲ stay at home movement ဖြင့်သော်လည်းကောင်း၊ အခြားဆီလျော်သောနည်းလမ်းဖြင့်သော်လည်းကောင်း၊ မတရားအာဏာကို ဖီဆန်ကာ ဒီမိုကရေစီတရားကို ထိန်းသိမ်းစောင့်ရှောက်ကြပါရန်” တိုက်တွန်းထားပါတယ်။

ဆေးတက္ကသိုလ်-၂ က သင်ကြားရေး ဆရာ/ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ နိုင်ငံတဝန်းလုံးရှိ အစိုးရရုံးဝန်ထမ်းတွေကို အခုလို တိုက်တွန်းခဲ့တာပါ။

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဝန်ကြီးသစ် ၁၁ ဦးကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်လိုက်ကြောင်း ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်ညမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  ကြေညာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013