
အီရန်စစ်ပွဲမှာ အမေရိကန်ရဲ့ရည်ရွယ်ချက်တွေ နီးလာပြီဖြစ်လို့ စစ်ရေးအရှိန်လျှော့ဖို့ စဉ်းစား နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာမှာ အီရန်စစ်ပွဲအရေးနဲ့ ပတ်သက်ပြီး ရည်မှန်းချက် ၅ ချက်ကို ရေးသားဖော်ပြထားပါတယ်။
အဲ့ဒီရည်မှန်းချက်တွေကတော့ အီရန်ရဲ့ဒုံးကျည်၊ လောင်ချာတွေနဲ့ သူတို့ စပ်ဆက်ပစ္စည်းတွေကို အပြီးသတ် ရှင်းလင်းဖို့၊ အီရန်ရဲ့ကာကွယ်ရေးစက်ရုံတွေဖျက်ဆီးဖို့၊ ရေတပ်နဲ့ လေတပ်ကို ရှင်းလင်းဖို့၊ အီရန်ကို ဘယ်တော့မှ နျူကလီးယားရရှိရေး နီးစပ်ခွင့်မပြုရေး အမေရိကန်က အမြဲတမ်း အမြန်ဆုံး ပြန်လည်ခြေမှုန်းဖို့နဲ့ အစ္စရေး၊ ကာတာ၊ ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်း၊ ကူဝိတ် အပါအဝင် အခြားအရှေ့အလယ်ပိုင်းမဟာမိတ်တွေကို ကာကွယ်ဖို့ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ရေနံတင်သင်္ဘောတွေအတွက် အဓိကကျတဲ့ ဟော်မုဇ်ရေလက်ကြားကိုတော့ တခြားနိုင်ငံတွေ စောင့်ရှောက်ဖို့လည်း ထရမ့်ပ်က တိုက်တွန်းပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားကို အမေရိကန်က အသုံးပြုတာ မဟုတ်လို့ အသုံးပြုတဲ့နိုင်ငံတွေက စောင့် ပေးဖို့ ထရမ့်ပ်က ပြောခဲ့တာပါ။
ဟော်မုဇ်နဲ့ပတ်သက်ပြီး တခြားနိုင်ငံတွေက အမေရိကန်ကို အကူအညီတောင်းမယ်ဆိုရင် ကူညီမှာ ဖြစ်ပေမဲ့ အီရန်က အဲဒီလို ခြိမ်းခြောက်နိုင်တဲ့ အနေအထား မရှိတော့တာကြောင့် အကူအညီလိုမှာ မဟုတ်ဘူးလို့လည်း ထရမ့်ပ်က ပြောပါတယ်။
အမေရိကန်က အီရန်ရဲ့စစ်တပ်ကို ဖျက်ဆီးပြီးပြီဖြစ်လို့ တခြားနိုင်ငံတွေအတွက် လွယ်ကူတဲ့စစ်ရေး တွေ ပြုလုပ်နိုင်မှာပါလို့လည်း ထရမ့်ပ်က ဆိုပါတယ်။
Source:Reuters











