DVB Logo
Home
သတင်းတို
ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာရပ်ကွက် လုပ်ပေးမည်
DVB
·
September 25, 2013
ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာရပ်ကွက် လုပ်ပေးမည်
Donate to DVB

ထိုင်းနိုင်ငံမှာ တရုတ်ရပ်ကွက် China town၊ ကိုရီးယားရပ်ကွက် Korea Town ရှိသလို မြန်မာအများစုနေထိုင်တဲ့ မဟာချိုင်မှာ မြန်မာရပ်ကွက် Myanmar Town လုပ်ပေးဖို့ စီစဉ်နေတယ်လို့ ထိုင်း-မြန်မာ လွှတ်တော် ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌ မစ္စတာ Alongkorn Ponlaboot က ပြောပါတယ်။

[caption id="attachment_31306" align="alignright" width="300" caption="မဟာချိုင်ဒေသရှိ ငါးလုပ်ငန်းခွင်တခု"][/caption]

ထိုင်းနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ စက်တင်ဘာ ၂၄ ရက်နေ့က တွေ့ဆုံချိန် သူက ခုလို ပြောလိုက်တာလို့ ဒီကနေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာမှာ ဖော်ပြပါတယ်။

အဲဒီ မြန်မာရပ်ကွက် စီမံကိန်းမှာ မြန်မာ အစားအစာ အရောင်းပြခန်း၊ ရိုးရာလက်မှုပစ္စည်း အရောင်းပြခန်း၊ မြန်မာကားပြမယ့် ရုပ်ရှင်ရုံ၊ မြန်မာပြည်ကို ငွေလွှဲနိုင်မယ့် ဘဏ် စတာတွေကို စုံစုံလင်လင် ထည့်သွင်းသွားမယ်လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား သန်းနဲ့ချီ နေထိုင်အလုပ်လုပ်ကိုင်နေပြီး ရေလုပ်ငန်းတွေရှိတဲ့ မဟာချိုင် အရပ်မှာတော့ အရေအတွက် အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013