DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာနိုင်ငံကူးလက်မှတ်အတု ဖမ်းဆီးရမိ
DVB
·
September 25, 2013
မဲဆောက်တွင် မြန်မာနိုင်ငံကူးလက်မှတ်အတု ဖမ်းဆီးရမိ
1 / 6
Donate to DVB

နိုင်ငံကူးလက်မှတ်အတုနဲ့ ထိုင်းနိုင်ငံထံ ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိတယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲမှူးကြီး ဖုန်းနခွန်းနခွန်းဆန်တိဖတ်က သတင်းထောက် တွေကို ပြောကြားချက်အရ ရွှေ့ပြောင်းအလုပ်သမားတွေ ကိုင်ဆောင်တဲ့ ယာယီနီုင်ငံကူး လက်မှတ်အတု ၃ စောင်ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီက မဲဆောက်မြို့နယ် ဟွေ့ဟင်ဖွန်စစ်ဆေးရေး ဂိတ်မှာ   ယာယီနိုင်ငံကူးလက်မှတ် ၃ စောင် ကိုင်ဆောင်သူ ၃ ဦးဟာ မင်္သာကာဖွယ်ဖြစ်နေတဲ့ အတွက် သူတို့နိုင်ငံကူးလက်မှတ်တွေကို မဲဆောက်ရာဇ၀တ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ကို ဆက် လက်ပို့ဆောင်ပေးပြီး စက်နဲ့ စစ်ဆေးကြည့်ရှုရာမှာ စာရွက်အတုတွေဖြစ်ကြောင်း သိရှိရတယ် လို့ ရဲမှူးကြီးက ပြောပါတယ်။

စစ်ဆေးတွေ့ရှိချက်အရ ယာယီနိုင်ငံကူးလက်မှတ်အစစ်မှာ  ကိုင်ဆောင်သူရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်တွေ ပြောင်းလဲထားကြောင်း၊ ထိုင်းနိုင်ငံထဲမှာ လုပ်တယ်လို့ ယူဆရပြီး ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ယာယီနိုင်ငံကူးလက်မှတ်အတု ဖမ်းမိတာလို့ ဆိုပါတယ်။

နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်သူတွေမှာ အသက် ၃၇ နှစ်အရွယ်ရှိ အမျိုးသား ၁ ဦး နဲ့ အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး ၎င်းတို့ထွက်ဆိုချက်တွေအရ ဦးထွန်း လို့ခေါ်တဲ့ ပွဲစားကနေတဆင့် မြ၀တီမြို့မှာ ၀ယ်ယူခဲ့ကြောင်း၊ နိုင်ငံကူးလက်မှတ် ၁ ခုကို ဘတ် ၁ သောင်း ၆ ထောင် ပေးရပြီး ၈ ရက်အတွင်း ရရှိကြောင်း၊ ဘန်ကောက်မှာ အလုပ်သွား လုပ်ဖို့ဖြစ်ပြီး ပွဲစားအဆက်အသွယ်နဲ့ မော်ချစ်ကားဂိတ်မှာ လာကြိုမယ့်သူရှိကြောင်း၊ မဲဆောက်ကအထွက်မှာ ခုလို အဖမ်းခံရတာလို့ ပြောပါတယ်။

သူတို့ ၃ ဦးကို စာရွက်စာတမ်းအတု ကိုင်ဆောင်မှု၊ နိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုတွေနဲ့ ဆက်လက် အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံကူးလက်မှတ်အတုလုပ်တဲ့ဂိုဏ်းကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းနေတယ်လို့ ရဲမှူးကြီး ဖုန်းနခွန်းနခွန်းဆန်တိဖတ်က သတင်းထောက်တွေကို ပြောသွားပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ တရားဝင်နဲ့ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားပေါင်း ၃ သန်းလောက်ရှိတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013