DVB Logo
Home
မြန်မာသတင်း
ဒေါပုံမြို့နယ်တွင် နိုင်ငံခြားအရက် ၉ သောင်း တွေ့ရှိ
DVB
·
September 24, 2013
Donate to DVB

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်အတွင်း ဦးလင်အင်ဟုတ်ပိုင် ဂျီအမ်ဂျီကုမ္ပဏီစက်ရုံရဲ့ ဂိုဒေါင်တွေထဲမှာ အရက်ပုလင်းပေါင်း ၉ သောင်း ဖော်ထုတ်တွေ့ရှိတဲ့သတင်းနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်သွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတဦးက ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက်ထုတ် အလဲဗင်းဒေးလီးမှာ ဂျီအမ်ဂျီကုမ္ပဏီဟာ အရက်နဲ့ ဘီယာတွေ တင်သွင်းဖြန့်ဖြူးတယ်ဆိုတဲ့သတင်းအရ ၄ ရက်ဆက်တိုက် ၀င်ရှာရာမှာ စက်ရုံ ၆လုံးထဲက အရက်ပုလင်းပေါင်း ၉ သာင်း ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်း ရေးပါတယ်။

ဒီအရက်ပုလင်းတွေ တွေ့ရှိတဲ့သတင်းအပေါ် ဂျီအမ်ဂျီကုမ္ပဏီ ရုံအဖွဲ့ကတာဝန်ရှိသူ ဒေါ်နီလာစိုးအောင်က သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ပြောပါတယ်။

“ကျမတို့အခု စာရွက်စာတမ်းတွေအားလုံး လုပ်ပြီးသွားတဲ့ အချိန်ကြရင် ကျမတို့ ပြန်ပြီးဆက်သွယ်ပေးမယ်။ တွေ့တဲ့ပစ္စည်းထုပ်ကို ကျမတို့ ရှိတဲ့ စာရွက်စာတမ်းတွေလည်း စီးပွားကူးသန်းမှာ လုပ်နေတယ်လေ။ စီးပွားကူးသန်းတဲ့ လူတွေကလည်း သူတို့လူကြီးတွေကို ဆက်ပြီးတင်ပြလိမ့်မယ်။ ပြီးရင် တရားဝင်သတင်းတွေ ထပ်ထွက်မှာပေါ့။ လုပ်ငန်းက အဲဒီလောက်ထိ ကြီးတာမဟုတ်ဘူး။ ဒီလောက်ထိလည်း သတင်းက ကြီးသွားစရာ အကြောင်းမရှိဘူးပေါ့နော်။ အဲဒါကြောင့် သတင်းမှာ တကယ်တမ်းတော့ အစိုးရဌာန က သူ့ဟာသူ ထုပ်ပြန်ကြေညာပါလိမ့်မယ်”

အလဲဗင်းသတင်းစာမှာ အဲဒီစစ်ဆေးမှုကို ဦးဆောင်တဲ့ ဦးတင်ရဲဝင်းကို ကိုးကားပြီး ဒီစစ်ဆေးချက်ကို ၂၄ နာရီအတွင်း အထက်တာဝန်ရှိသူတွကို တွေ့ရှိသုံးသပ်ချက်နဲ့တကွ တင်ပြမယ်လို့ ရေးသားထားပါတယ်။

စီးပွားကူးသန်းဝန်ကြီးရုံး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းကို ဆက်သွယ်မေးမြန်းရာမှာ စက်တင်ဘာ ၂၄ ရက်ညနေပိုင်းမှာ သူ့အနေနဲ့ နေပြည်တော်က ပြန်လာနေပြီး ကားမောင်းနေလို့ ဖြေကြားဖို့ မအားသေးဘူးလို့ ပြောပါတယ်။

အလဲဗင်းဒေလီသတင်းစာအရတော့ ဒီရှောင်တခင် ရှာဖွေဖမ်းဆီးစစ်ဆေးခွင့်ရဖို့ ကြန့်ကြာမှုတွေ ကြုံခဲ့ရသလို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံအထိ လျှောက်ကြား ခဲ့ရကြောင်းနဲ့ ဒီပုလင်းတွေကို ကုမ္ပဏီတခုက လွန်ခဲတဲ့နှစ်ပေါင်း ၂၀ ကတည်းက လာအပ်ထားတာဖြစ်တယ်လို့ ပိုင်ရှင်ဖြစ်သူက ဖြေကြားကြောင်း ရေးသားထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ဒေါပုံမြို့နယ်ရဲတပ်ဖွဲ့ကို မေးမြန်းတဲ့အခါ ဂိုဒေါင်တွေကို ဆက်လက် ရှာဖွေနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

“လောလောဆယ် ကျနော်တို့ဟာ စောင့်ကြည့် သတင်းရယူတာပဲ ရှိသေးတယ်။ ကျနော်တို့ ဆီကနေပြီး ဒီကနေပြီးတော့ လုံခြုံရေးသွားစောင့်ပေးရတာ ရှိတယ်ခင်ဗျ။ အဲဒီမှာ အဖွဲ့အစည်းစုံ ရှိတယ်လေ။ ပစ္စည်းတွေက ဘယ်ဂိုဒေါင်ထဲ ဘာချလဲဆိုတာ အဲလိုစောင့်ကြည့်နေတာရှိတယ်။ ဘာပစ္စည်း၊ ဘာပစ္စည်းပါတယ်ဆိုတာ စာရင်းမှတ်ထားတာရှိတယ်။ ရှာနေတုန်းပဲဗျ ဒီနေ့လည်း လွှတ်ထားသေးတယ်။ ဂိုဒေါင်တော်တော်များကိုလည်း ချတဲ့ပစ္စည်း၊ သွင်းတဲ့ဂိုဒေါင် အဲဒီလိုမျိုးပဲ ရှာတာများတယ်။”

ဂျီအမ်ဂျီကုမ္ပဏီဟာ အိမ်သုတ်ဆေးနဲ့ လူသုံးကုန်တွေ တင်သွင်းဖြန့်ဖြူးနေတာဖြစ်ပြီး အရက်နဲ့ ဘီယာတွေ တင်သွင်းနေတယ်ဆိုတဲ့ တိုင်ကြားချက်အရ ရှာဖွေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013