DVB Logo
Home
Lead Story
ပုဂံ ညောင်ဦးက MPP Art Gallery မှာ ပန်းချီ ဘီညို တကိုယ်တော် ပန်းချီပြပွဲ (ဓာတ်ပုံ)
DVB
·
January 29, 2021
ပုဂံ ညောင်ဦးက MPP Art Gallery မှာ ပန်းချီ ဘီညို တကိုယ်တော် ပန်းချီပြပွဲ (ဓာတ်ပုံ)
1 / 13
Donate to DVB

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ ညောင်ဦးမြို့က MPP Art Gallery မှာ ပန်းချီဘီညိုရဲ့  တကိုယ်တော် ပန်းချီပြပွဲကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ  ၅ ရက်နေ့အထိ ၅ ရက်ကြာ ပြသသွားမှာ ဖြစ်ပါတယ်။

အခရိုင်းလစ် တမျိုးတည်းနဲ့ ဆွဲထားတဲ့ ပန်းချီကားတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ကဗျာဆရာကြီးဦးတင်မိုး၊ မြို့မငြိမ်း၊ အဆိုတော် ထူးအိမ်သင် အစရှိသူတွေရဲ့ ပေါ့ထရိတ် ဆိုဒ်စုံတွေ အပါအဝင်၊ ပုံဟန်မျိုးစုံ၊ မြင်ကွင်းစုံ ပန်းချီကားတွေ  ပါဝင်မှာ ဖြစ်ပါတယ်။ 

ပန်းချီကားဆိုဒ် အကြီး အသေးအလိုက် ကားတကားကို ကျပ် ၁ သိန်းခွဲကနေ ၁၅ သိန်းအထိ ဈေး သတ်မှတ်ပြီး  ပန်းချီကားပေါင်း ၅၄ ကားကို ပြသသွားမယ်လို့ ပန်းချီဘီညိုက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013