DVB Logo
Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေး (ဓာတ်ပုံ)
DVB
·
January 29, 2021
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေး (ဓာတ်ပုံ)
1 / 10
Donate to DVB

လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်မယ့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို တက်ရောက်ရမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီနေ့ ဇန်နဝါရီ ၂၉ ရက်မှာ လွှတ်တော်အတွင်းက ဇမ္ဗူသီရိခန်းမဆောင်အတွင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ  Swab Test နှစ်ကြိမ်စစ်ဆေးခံထားရတာဖြစ်ပြီး သက်ဆိုင်ရာပါတီအလိုက် တည်းခိုရာနေရာတွေမှာ ကွာရန်တင်းဝင်နေရတာဖြစ်ပါတယ်။

ရွေးကောက်ခံကိုယ်စားလှယ် ၃၁၅ ဦးရှိတဲ့အနက် အများစု ကာကွယ်ဆေး လာရောက်ထိုးကြပြီး လက်ရှိအချိန်ထိတော့ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရခြင်းမရှိသေးဘူးလို့ အန်အယ်လ်ဒီပါတီက ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“မသွားခင်တုန်းကတော့ အန်တီတို့လည်း နည်းနည်းကြောက်တယ်။ ဘာများဖြစ်မှာလဲဆိုပြီးတော့ပေါ့နော်။ ဘာတွေများ ဆက်ဖြစ်မှာလဲ၊ sign တွေပြမှာလဲပေါ့နော်။ အဲ့ဒီအတွက်တော့ကြောက်တယ်။ ဒါပေမဲ့ ဟိုရောက်တဲ့အခါကျတော့ ဆရာမတွေရော။ ဆေးထိုးပေးတဲ့ ဆရာမတွေရော သူတို့စီစဉ်ထားတာ အင်မတန်အဆင်ပြေပါတယ်။ သေချာစနစ်တကျနဲ့ လုပ်ပေးထားတယ်။ ကိုယ့်အလှည့်ရောက်လို့ ဆေးထိုးတော့ ဆရာမတွေကလည်း အားလုံးဂရုတစိုက်နဲ့ထိုးပေးပါတယ်။ ထိုးပြီးတော့ အန်တီတို့လည်း နာရီဝက်စောင့်ပြီးတဲ့အခါမှာ အခုချိန်ထိတော့ပေါ့နော် ဆေးထိုးတဲ့လူတွေထဲမှာတော့ ခေါင်းမူးတယ် တို့ဘာဖြစ်တယ်တို့ လက္ခဏာပြတဲ့သူတော့ တစ်ယောက်မှမတွေ့ရသေးပါဘူး” လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ကာကွယ်ဆေးလာရောက်ထိုးတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေထဲမှာ ဖေဖေါ်ဝါရီ ၁ ရက် လွှတ်တော်တက်မတက်ကို ယတိပြတ်ပြောထားခြင်းမရှိသေးတဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။

ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ အနိုင်ရရှိထားတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ  ဦးသန်းဌေးကိုတော့ မတွေ့ခဲ့ရဘူးလို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“ကိုယ်စားလှယ်တွေပဲ ပါလာတယ်လေ။ ဥပမာ အန်တီနဲ့ဆိုရင် သေချာ နှုတ်ဆက်လိုက်ရတာတော့ လွိုင်လင်က ဦးခင်မောင်သီ၊ အန်ကယ်နဲ့ဆို ကောင်းကောင်း နှုတ်ဆက်လိုက်ရတယ်။ နေကောင်းလား၊ ဘာလားဆေးထိုးပြီးပြီလား ဆိုတော့ သူလည်း ဆေးထိုးပြီးပြီလို့ ဒီလိုပြောတယ်။ ဆိုလိုတာက သူတို့ပါတီက သူတို့တည်းခိုတဲ့နေရာကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ထိုးကြတယ်ပေါ့။”

မနက်ဖြန်တော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးဖို့ အစီအစဉ်ရှိပါတယ်။

ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်နေရာ ၄၄၀ ရှိရာမှာ ရွေးကောက်ခံက ၃၃၀ နဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦးတို့ ဖြစ်ပါတယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်နေရာ ၃၃၀ ရှိရာမှာ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့နေရာ ၁၅ နေရာရှိတဲ့အတွက် လက်ရှိမှာတော့ ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၃၁၅ ဦးရှိနေသေးတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013