DVB Logo
Home
သတင်းတို
ကုမ္ပဏီ ၄၀ ကျော် ၂၀၀၈ အထက် ကားသွင်းခွင့်ရ
DVB
·
September 24, 2013
ကုမ္ပဏီ ၄၀ ကျော် ၂၀၀၈ အထက် ကားသွင်းခွင့်ရ
Donate to DVB

ကုမ္ပဏီ ၄၀ ကျော်ကို ၂၀၀၈ ကနေ ၂၀၁၁ အကြား မော်ဒယ်ကားတွေကို တင်သွင်းခွင့်ပြုလိုက်ပြီး ဒီအတွက် ကားဝယ်ယူသူတွေ ပိုအဆင်ပြေလာစေမယ်လို့ Farmer Auto ကုမ္ပဏီပိုင်ရှင် ဒေါက်တာစိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ပြည်ပကနေ ၁၉၉၇ ကနေ ၂၀၀၇ မော်ဒယ်အထိ ကားတွေတင်သွင်း ပြသတာနဲ့
ရောင်းချခွင့်ရထားတဲ့ ကုမ္ပဏီ ၁၅၀ ကျော်အနက် ကားအစီးရေ ၁၀၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်ပါတယ်။

အစိုးရဟာ ၂၀၀၈ မော်ဒယ်နဲ့ အထက် ကားတွေကို ပြည်သူတဦးချင်းစီ ၀ယ်ယူ တင်သွင်းခွင့်ပြုခဲ့ပေမယ့် ဂျပန်မှာ လေလံဆွဲ ၀ယ်ယူတဲ့ကိစ္စ၊ သယ်ယူပို့ဆာင်ရေးကိစ္စနဲ့ ဆိပ်ကမ်း ရှင်းလင်းတဲ့ကိစ္စ စတဲ့ကိစ္စတွေမှာ ပွဲစားတွေကိုပဲ အားကိုးပြီး လုပ်ကိုင်ခဲ့ရပါတယ်။

အခု ကုမ္ပဏီ ၄၀ ကျော်ကို ဒီ မော်ဒယ်ကားတွေ တင်သွင်း ရောင်းချခွင့်ပြုလိုက်တဲ့အတွက် ရန်ကုန်မှာတင် မျက်မြင်ရွေးချယ်နိုင်ပြီး ၃-၄ ရက်အတွင်း ကိုယ်ပိုင်အမည်ပေါက် ကား ၁ စီး ၀ယ်ယူနိုင်လို့ ပိုပြီး အဆင်ပြေလာမယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013