DVB Logo
Home
လူမှုရေး
ရှမ်းပြည်နယ်၌ ကမ္ဘာ့ဘဏ်ကဆောင်ရွက်ပေးမည့် ဖွံ့ဖြိုးရေးစီမံကိန်းကို ကန့်ကွက်
DVB
·
January 28, 2021
ရှမ်းပြည်နယ်၌ ကမ္ဘာ့ဘဏ်ကဆောင်ရွက်ပေးမည့် ဖွံ့ဖြိုးရေးစီမံကိန်းကို ကန့်ကွက်
Donate to DVB

ရှမ်းပြည်နယ်မှာ ကမ္ဘာ့ဘဏ်က ဒေါ်လာ ၂၂၅ သန်း အကုန်အကျခံ ဆောင်ရွက်ပေးမယ့်  ငြိမ်းချမ်းသာယာစည်ပင်သော ရပ်ရွာအသိုက်အဝန်းတည်ဆောက်ရေးစီမံကိန်းကို ရပ်ဆိုင်းထားဖို့ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ အရပ်ဖက်အဖွဲ့အစည်း ၃၀ ကျော်က တောင်းဆိုလိုက်ပါတယ်။

ဒီစီမံကိန်းကြောင့် ငြိမ်းချမ်းရေး၊ လယ်ယာမြေတွေနဲ့ သယံဇာတ တွေ ပျက်စီးမှာစိုးတဲ့အတွက် ကန့်ကွက်ရတာလို့ ကန့်ကွက်ရာမှာ ပါဝင်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံး ဥက္ကဋ္ဌ ခွန်ဦးကပြောပါတယ်။

“တစ်အချက်က နိုင်ငံရေး အဖြေရှာဖို့လိုတယ်။ နှစ်ကတော့ ဖက်ဒရယ်စနစ်ကို ဦးတည်ဖို့လိုတယ်။ ဒီလိုမျိုး အချိန်မှာ စီမံကိန်း အကြီးစားတွေလုပ်မယ်၊ ပိုက်ဆံ တွေပေးမယ်ဆိုရင် ဒီကိစ္စက ပြဿနာဖြစ်လာနိုင်တယ်၊ ဒါကြောင့်ရပ်ဆိုင်းထားသင့်တယ်” လို့ ပြောပါတယ်။

အဲဒီစီမံကိန်းကို ကမ္ဘာ့ဘဏ်က ဗဟိုအစိုးရနဲ့သာတိုင်ပင်ညှိနှိုင်းခဲ့ပြီး အထက်မှ အောက်သို့ချဉ်းကပ်မှုပုံစံနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံပြီး ဗဟိုအစိုးရ၊ ဝန်ကြီးဌာန နဲ့သာစီစဉ်ဆောင်ရွက်မှာဖြစ်တဲ့လို့  စီမံကိန်းကို ရပ်ဆိုင်းထားဖို့လိုတယ်လို့ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်စီမံကိန်းမှာ  စိုက်ပျိုးရေးအခန်းကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ လူမှုရေးရာကဏ္ဍနဲ့ မြို့ပြစီမံကိန်းတွေပါဝင်ပြီး ဒေသခံတွေရဲ့ လူမှုဘဝတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ် လုပ်ဆောင်တာ လို့ သိရပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေကတော့  ဒီစီမံကိန်းကြောင့် တောင်သူသူလယ်သမားတွေ ထိခိုက်နိုင်သလို မြေယာနဲ့ သယံဇာတနဲ့ ပတ်သက်တဲ့ပြဿနာ၊ တိုင်းရင်းသား လူမှုရေးဆိုင်ရာပဋိပက္ခ ဖြစ်လာနိုင်ပြီး တိုင်းရင်းသား ခေါင်းဆောင် အချင်းချင်း အမြင်ကွဲမှုနဲ့ အဂတိလိုက်စားမှုတွေဖြစ်လာနိုင်တယ်လို့ သုံးသပ် ကြပါတယ်။

တိုင်းရင်းသားလူမျိုးများ အရပ်ဖက်အဖွဲ့အစည်းကို ရှမ်း၊ လားဟူ၊ အင်းသား၊ ဝ၊ ကိုးကန့်၊ တောင်ရိုး၊ ကယန်း၊ ကချင်၊ ပအိုဝ်း၊ တအာင်း၊ ဓနု စတဲ့ တိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်း ပါဝင်ပါတယ်။

သတင်း- ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013