DVB Logo
Home
လူမှုရေး
ကိုဗစ်-၁၉ ကာကွယ်ဆေးရန်ပုံငွေ မန္တလေးတိုင်းက ကျပ်သိန်း ၁၆၀၀၀ ကျော်ရထား (ဓာတ်ပုံ)
DVB
·
January 28, 2021
ကိုဗစ်-၁၉ ကာကွယ်ဆေးရန်ပုံငွေ မန္တလေးတိုင်းက ကျပ်သိန်း ၁၆၀၀၀ ကျော်ရထား (ဓာတ်ပုံ)
1 / 13
Donate to DVB

ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူဖို့ရန်ပုံငွေအတွက် မန္တလေးတိုင်းဒေသကြီးကနေ အလှူငွေ ကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော် ရရှိထားပြီလို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ကာကွယ်ဆေးဝယ်ယူဖို့ ရန်ပုံငွေ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဖိတ်ခေါ်ထားတာ ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးကနေ အလှူငွေ ကျပ်သိန်းပေါင်း ၂၀,၀၀၀ ကျော် ရနိုင်တယ်လို့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ခန့်မှန်းထားပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က"အားလုံးပေါင်း လှူတာဆိုလို့ရှိရင် သိန်းပေါင်း တစ်သောင်းခြောက်ထောင်လောက် ရထားပြီးပါပြီ။ နောက်ထပ် ထပ်ပြီးတော့ လှူချင်တဲ့သူတွေရှိတယ်။ သူတို့ကလည်း ကျနော်တို့ တိုင်းဒေသကြီးအစိုးရကနေ တစ်ဆင့် လှူချင်တယ်ဆိုတော့ ကျနော်တို့က ရက် မပေးနိုင်သေးလို့ပါ။ ကျနော် တော်တော်လေး အလုပ်များနေတော့၊ သိန်းပေါင်းနှစ်သောင်းကျော်လောက်ရလိမ့်မယ်လို့ ကျနော်က တော့ ခန့်မှန်းထားပါတယ်။ ဘာပဲပြောပြော အထောက်အပံ့ဖြစ်တာပေါ့လေ" လို့ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို  ဇန်နဝါရီ ၂၇ ရက်ကစပြီး ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးပေးနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရရှိလာတဲ့ ကာကွယ်ဆေး အရေအတွက်ပေါ် မူတည်ပြီး ဦးစားပေးစနစ်နဲ့ ထိုးပေးသွားမှာဖြစ်ပြီး အားလုံး ထိုးနိုင်အောင် ‌ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

လတ်တလောမှာကာကွယ်ဆေးထိုးပေးရမယ့် လူစာရင်းတွေကိုလည်း ရပ်ကွက်တွေမှာ စတင်ကောက်ယူနေပြီဖြစ်ပြီး အခြေခံလူထုအနေနဲ့ စိတ်ရှည်စွာ စောင့်ဆိုင်းစေလိုတယ်လို့ ဒေါက်တာဇော်မြင့်မောင်က မေတ္တာရပ်ခံပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ပြည်သူလူထုတွေအတွက် ကာကွယ်ဆေးထိုးတာကို  ဖေဖော်ဝါရီ ၅ ရက်မှာ စတင်မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013