DVB Logo
Home
အာရှဒေသ
အသက်ရှုလို့တောင် မရတော့ပါဘူး
DVB
·
September 24, 2013
အသက်ရှုလို့တောင် မရတော့ပါဘူး
Donate to DVB

ဒီလဟာ ပါကစ္စတန်စက်မှုလုပ်ငန်းရဲ့ အဆိုးဝါးဆုံးဘေးသင့်မှုရဲ့ ပထမဆုံး နှစ်ပတ်လည်လပါ။ မနှစ်က စက်တင်ဘာမှာ ကရာချီမြို့က အလီကုမ္မဏီရဲ့ အထည်ချုပ်စက်ရုံ မီးလောင်မှုမှာ လူ ၂၅၀ လောက်  သေဆုံးသွားခဲ့ရပါတယ်။ သေဆုံးသွားသူတွေထဲမှာ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဆာအိဂျော့တယောက်လည်း ပါပါတယ်။

ဆုတောင်းဖို့ အချိန်ပါ။ သတိရ ၀မ်းနည်းကြေကွဲကြ၊ ဖယောင်းတိုင်မီးတွေ ထွန်းထားပြီး ချစ်ခင်ရတဲ့ သေဆုံးသွားသူတွေရဲ့ ရုပ်ပုံကားချပ်တွေပေါ်မှာ နှင်းဆီပန်းပွင့်ဖတ်ကလေးတွေ  ကျလို့ နေပါတယ်။

မနှစ်က စက်တင်ဘာက ဒီအထည်ချုပ်စက်ရုံ လောင်တဲ့မီးမှာ လူ ၂၅၀ ကျော် သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူတွေအများစုက သူတို့မိသားစုတွေရဲ့ အိမ်ထောင်ဦးစီး လူငယ်တွေ ဖြစ်ကြပါတယ်။ သူတို့တွေမှာ မုဆိုးမငယ်လေးတွေနဲ့ ကလေးငယ်တွေ ကျန်ခဲ့ကြပါတယ်။

အသက် ၅၃ နှစ် ရှိပြီဖြစ်တဲ့ အယ်လိဇဘက်ဂျော့က ဘုရားကျောင်း နှစ်ပတ်လည်ပွဲမှာ ရှိနေခဲ့ပါတယ်။ သူရဲ့ အသက် ၂၈ နှစ် ရှိပြီဖြစ်တဲ့သား ဆာအိဂျော့ရဲ့ ခန္ဓာကိုယ်က ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းသွားခဲ့ပြီးး မှတ်တောင် မမှတ်မိတော့ပါဘူး။

“ကျမသားက အလုပ်လုပ်ဖို့ ၇ တန်းနဲ့ ကျောင်းထွက်ခဲ့ပြီး ကျမနဲ့ သူ့ညီမလေးကို ကူညီပံ့ပိုးနေတာပါ။ သူ့အဖေက မူးယစ်ဆေးဝါးစွဲနေတဲ့ သူတယောက်ဖြစ်ပြီး အလုပ်လက်မဲ့ပါ။ ဆာအိက ကျမတို့ကို ဆင်းရဲတွင်းက ကယ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါရှင်။”

ဆာအိရဲ့ မိဘတွေက ဒီအိမ်သေးသေးလေးမှာ ဦးလေး ၂ ယောက်၊ ၀မ်းကွဲမောင်နှမ ၂ ယောက်နဲ့ သူတို့မိသားစုတွေနဲ့ တူတူနေခဲ့တာပါ။

သူရဲ့ အငယ်ဆုံးညီမ မာရီယာက သူ မရှိတော့တဲ့အတွက် တကယ်ပဲ ခံစားခဲ့ရပါတယ်လို့ ပြောပါတယ်။

‘’ကျမက သွားလေရာမှာ သူ့ကို လိုအပ်နေတယ်လို့ ခံစားရပါတယ်။ ကျမက သူ့ကို ကျမတို့နဲ့အတူ ရှင်သန်နေစေချင်ပါတယ်။ အိမ်မှာ အရေးပေါ်အခြေအနေကို ကြုံရတိုင်း ဥပမာ တယောက်ယောက် နေမကောင်းဖြစ်တဲ့အချိန်မျိုးမှာ ကျမတို့ သူကို အမြဲတမ်း အောက်မေ့မိကြပါတယ်ရှင်။”

ဆာအိရဲ့ ၀မ်းကွဲညီအစ်ကို ခူရမ်လာဇရပ်စ်က သူအသက်ရှင်နေတဲ့ အချိန်မှာ နောက်ဆုံးစကားပြောခွင့်ရခဲ့တဲ့သူပါ။ သူက သူမိုဘိုင်းလ်ဖုန်းနဲ့ ခေါ်ခဲ့ပါတယ်။

“သူက ပြောတယ်။ အသက်ရှူလို့မရတော့ဘူး။ ပတ်ပတ်လည်မှာ မီးတွေ၊ မီးခိုးတွေ အများကြီး ဖြစ်နေပြီ။ ငါက ငါ အနှောင့်အယှက် ပေးမိသလို ဖြစ်သွားခဲ့တဲ့သူတွေ အားလုံး ငါ့ကို ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့ပါတယ်ကွာ... တဲ့ဗျာ။’”

သူတို့က ဆေးရုံတွေနဲ့ အအေးတိုက်တွေမှာ သူ့ရဲ့ အလောင်းကို သီတင်းပတ် အတော်များများ ကြိုးစားပြီး ရှာဖွေခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ မမှတ်မိနိုင်လောက်တဲ့ အမည်မသိ အလောင်း ၁၇ လောင်းလောက်ကို စုပြီးမြှုပ်နှံ သင်္ဂြိုဟ်ခဲ့ကြပါတယ်။ ဆာအိက အဲဒီထဲမှာ ပါ သွားတာပါလို့ မာရီယာက ပြောပါတယ်။

“ကျမတို့က သူ့ကို ကျမတို့က ကိုယ်တိုင် မသင်္ဂြိုဟ်ခဲ့ရပါဘူး။ ကျမတို့ စိတ်အေး သက်သာမှု မရခဲ့ပါဘူးရှင်။ တခြားသူတွေကတော့ သူတို့ချစ်တဲ့သူတွေကို သင်္ဂြိုဟ်နိုင်ခဲ့ကြပေမယ့် ကျမတို့က မလုပ်နိုင်ခဲ့ပါဘူး။”

အလီကုမ္ပဏီရဲ့ စက်ရုံမီးလောင်မှုက ဘွိုင်လာမီးလောင်ခဲ့လို့ ဖြစ်ပြီး မီးတောက်တွေက စက်ရုံထဲမှာ သိုလှောင်ထားတဲ့ ဓာတုပစ္စည်းတွေကို ဆက်ပြီး လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

မီးစလောင်တဲ့အချိန် စက်ရုံထဲမှာ အလုပ်သမား ၃၀၀ နဲ့ ၄၀၀ ကြား ရှိနေပါတယ်။ တက်ကြွ လှုပ်ရှားသူ တယောက်ဖြစ်တဲ့ ဖာဟတ်ပါဗင်းကတော့ စက်ရုံက ဘေးသင့်ပျက်စီးဖို့ကို ဖြစ်နေခဲ့ တာလို့ ပြောပါတယ်။

“အလီ စက်ရုံတွေမှာ မီးအချက်ပေးစနစ် မရှိပါဘူး။ ဒီတော့ အပေါ်က ဌာနတွေ နဲ့ မီးလောင်ခဲ့တဲ့ အောက်ထပ်ဌာနတွေက စက်ရုံထဲမှာ မီးလောင်နေတာကို မသိခဲ့ကြပါဘူးရှင်။ အဲဒါကြောင့်ပဲ သေဆုံးမှုတွေ များခဲ့ရတာပါရှင်။”

ပိုင်ရှင်ကို ရာဇ၀တ်ကြောင်းအရ တရားစွဲဆိုမှုဟာ ပြည်နယ်တရားရုံးချုပ်မှာ ကြားနာနေဆဲ ဖြစ်ပါတယ်။ တရားရုံးက စက်ရုံပိုင်ရှင်တွေအပါအ၀င်  စွပ်စွဲခံရသူတွေ အားလုံးကို အာမခံ ပေးထားခဲ့ပါတယ်။ တရားစွဲဆိုမှုတွေက လူသတ်မှုကနေ ပေါ့ဆမှုအထိ လျော့ကျလာခဲ့ပါပြီ။ အစိုးရ တရားစွဲဆိုရေးမှူး ရှာဇီယာဟင်ရရာ က ခုလို ပြောပါတယ်။

“အမှုတိုင်းလိုလိုမှာ ပုလိပ်က စွပ်စွဲခံရသူတွေအတွက် မဟုတ်ဘဲ အစိုးရဘက်က ဆောင်ရွက်ပေးရတာပါ။ အခုတော့ ပုလိပ်တွေ လုပ်နေတာက စွပ်စွဲခံရသူတွေဘက်ကလို ဖြစ်နေတယ်ရှင့်။’’

ဒီစက်မှုလုပ်ငန်း ဘေးသင့်မှုမှာ ခံစားရသူ အများကြီးလိုပဲ ဂျော့ရဲ့ မိသားစုဟာ နှေးကွေးပြီး အချိန်ကြာမယ့် တရားဝင်ဆောင်ရွက်မှုတွေကနေ မျှော်လင့်မှုကတော့ သိပ်မရှိလှပါဘူး။ အခုကတော့ သူတို့ဟာ မိသားစုရဲ့ အဓိက၀င်ငွေ ရှာဖွေပေးသူမရှိဘဲ အသက်ရှင်နေထိုင်ဖို့ကို အလေးထားနေကြရပါပြီ။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ရှာဒီခန်ဆေးဖှ်နဲ့ နာအင်းမ်ဆာဟို တာရာတို့က ပါကစ္စတန်နိုင်ငံ ကရာချီမြို့က သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013