DVB Logo
Home
မြန်မာသတင်း
ဖခင်ဗိုလ်ချုပ်ကြောင့် အကာအကွယ်ရခဲ့ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
DVB
·
September 23, 2013
ဖခင်ဗိုလ်ချုပ်ကြောင့် အကာအကွယ်ရခဲ့ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Donate to DVB

ဖခင်ဟာ တပ်မတော်ကို တည်ထောင်တဲ့သူတဦး ဖြစ်တဲ့အတွက် နေအိမ် အကျယ်ချုပ်ချခံရပေမယ့် စစ်အစိုးရက ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

၁၉၄၇ က ဖခင်ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်သွားပြီး ဆယ်စုနှစ်များစွာ ကြာပေမယ့်လည်း သူရဲ့ အမည်နဲ့ သူကို အမှတ်ရမှုတွေက သူ့ကို ကာကွယ်ပေးနေဆဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်မှာ မနေ့က ကျင်းပတဲ့ ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ ဟောပြောပွဲမှာ ပြောဆိုလိုက်တာပါ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တာကို ဘယ်တော့မှ မမေ့တဲ့အတွက် စစ်အစိုးရက လူချင်း တွေ့ရင်တော့ လေးလေးစားစားနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့အတွက် တချို့ ကိစ္စတွေမှာ နွေးထွေးတဲ့ မေတ္တာကို ခံစားရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ခေါင်းဆောင်မှုဆိုတာ တချိန်လုံး လူကြိုက်များဖို့ လိုမှာမဟုတ်ကြောင်း၊ ခေါင်းဆောင် တွေဟာ သူ့လူတွေကို လေးစားရဖို့လိုသလို လိုအပ်ချက်တွေကိုလည်း ပြည့်ဝအောင် လုပ်ပေးဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီအချိန်မှာ ဒီမိုကရေစီပုံစံအတိုင်း တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရေးနဲ့ လူ့အဖွဲ့အစည်းကို ပြန်လည်ဖန်တီးရေးတွေကို စဉ်းစားရမှာ ဖြစ်ပေမယ့် အာဏာရှင်တွေက နှစ်ပေါင်းများစွာ အုပ်စိုးထားတဲ့အတွက် ခက်ခဲတယ်လို့လည်း ပြောပါတယ်။

မြန်မာက လူငယ်တွေကလည်း တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွက် စဉ်းစား တွေးတောကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ လူအများစု စဉ်းစားနေသလို တိုင်းရင်းသားတွေနဲ့ စစ်တပ်အကြားတင်မဟုတ်ဘဲ ဒီမိုကရေစီကို လိုချင်တဲ့ သူတွေ အကြားမှာလည်း လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကသာလျှင် ရှေ့ဆက်နိုင်မယ့် အကောင်းဆုံး အရာတခုအဖြစ်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်မှာ ကျင်းပတဲ့ဟောပြောပွဲမှာ စင်ကာပူရောက် မြန်မာကျောင်းသားတွေအပါအ၀င် စင်ကာပူ ကျောင်းသူကျောင်းသားတွေ၊ ပါမောက္ခတွေနဲ့ လူပေါင်း ၆၀၀ လောက် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

[caption id="attachment_43714" align="alignleft" width="300" caption="(ဓာတ်ပုံ - အေအက်ဖ်ပီ)"][/caption]

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း၊ သမ္မတ ဒေါက်တာ တိုနီတန်ခမ်ယမ်တို့နဲ့ ဒီနေ့ တွ့ဆုံခဲ့ကြောင်း ၀န်ကြီးချုပ်နဲ့ သမ္မတရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

စင်ကာပူခရီးစဉ်အတွင်းမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က ဒေါ်အောင်ဆန်း စုကြည်ဟာနဲ့ စက်တင်ဘာ ၂၂ ရက်နေ့မှာ မမျှော်လင့်ပဲတွေ့ခွင့်ရတဲ့ အကြောင်း ဘန်ကောက်စ်ပို့ သတင်းစာက ရေးသားပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံကို ရောက်ရှိ လာတာ ဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်နေ့ မြန်မာပြည်ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

အပြည့်အစုံ နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013