DVB Logo
Home
မြန်မာသတင်း
ဟုန်ရှင်းအလုပ်သမားများ ပြေလည်မှု ရရှိ
DVB
·
September 23, 2013
ဟုန်ရှင်းအလုပ်သမားများ ပြေလည်မှု ရရှိ
Donate to DVB

သပိတ်စခန်းဖွင့်လှစ်ပြီး အလုပ်သမားအခွင့်အရေး တောင်းဆိုနေတဲ့ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် တရုတ်နိုင်ငံသားပိုင် ဟုန်ရှင်း အအေးခန်းအလုပ်သမားတွေဟာ အစိုးရတာဝန်ရှိသူတွေ၊ အလုပ်ရှင်တွေနဲ့ မြို့တော်ခန်းမှာ ညှိနှိုင်းဆေးနွေးမှု ပြေလည်သွားပြီနောက် သပိတ်စခန်းကို ဒီနေ့ည ၇ နာရီလောက် ပြန်ရုပ်သိမ်းလိုက်ပါတယ်။

အလုပ်သမား ၂၀၀ ကျော်ဟာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မနေ့ကစပြီး သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြနေတာဖြစ်ပြီး အလုပ်သမားစည်းလုံးညီညွတ်ရေး၊ အလုပ်သမားတန်းတူညီမျှရေး၊ ဟုန်ရှင်းအလုပ်သမဂ္ဂ မဖြိုခွင်းရး၊ စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

အလုပ်ရှင်က လျော်ကြေးပေးပြီး အလုပ်ထုတ်ဖို့ စီစဉ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အလုပ်သမားတွေက ဟုန်ရှင်းအအေးခန်းစက်ရုံ ဘာကြောင့် ပိတ်သိမ်းရတယ်ဆိုတာ ရှင်းလင်းစွာ သိရရေး၊ အလုပ်ရှင်ကိုယ်တိုင် ဖြေရှင်းပေးရေး၊ လုပ်ငန်းအပြီးတိုင် ပိတ်သိမ်းပါက အစိုးရကိုယ်တိုင် တာဝန်ယူဖြေရှင်းပေးရေး၊ ဒီလုပ်ငန်း ဆက်လုပ်မယ်ဆိုရင် အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးရေ စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြတာဖြစ်ပြီး ပြေလည်မှု ရခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013