DVB Logo
Home
Lead Story
ရန်ကုန်ဟိုတယ်များတွင် Stop Covid-19 အဝါရောင်ဆိုင်းပုဒ်များ တပ်ဆင်
DVB
·
January 26, 2021
ရန်ကုန်ဟိုတယ်များတွင် Stop Covid-19 အဝါရောင်ဆိုင်းပုဒ်များ တပ်ဆင်
1 / 6
Donate to DVB

ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ တိုင်းကျန်းမာရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)တို့ ပူးပေါင်းပြီး Stop Covid အဝါရောင် ကမ်းပိန်း ဆိုင်းပုဒ်တပ်ဆင်ဖွင့်ပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့က Wyndham Grand Yangon Hotel မှာ ကျင်းပ ပါတယ်။ 

Stop Covid အဝါရောင် ဆိုင်းပုဒ်တပ်ဆင်တဲ့ ကမ်ပိန်းကိုတော့ ရန်ကုန်မြို့မှာရှိတဲ့ ဟိုတယ် ၅၅ လုံးက ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိရန်ကုန်မြို့မှာရှိတဲ့ ဟိုတယ်တွေရဲ့ ၇၀  ရာခိုင်နှုန်းဟာ အရှုံးခံပြီး  လုပ်ငန်း လည်ပတ်နိုင်ဖို့  ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။ 

ဖွင့်လှစ်ထားတဲ့ ဟိုတယ်တွေကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်စည်းကမ်းတွေအတိုင်းလိုက်နာပြီး ဖွင့်လှစ်ထားတယ်လို့ ပြောပါတယ်။  

လက်ရှိ ရန်ကုန်မြို့မှာတော့ ဟိုတယ်ပေါင်း ၄၇၈ လုံးရှိပြီး ရန်ကုန်ဇုန်ရဲ့ အသင်းဝင်ဟိုတယ်ပေါင်း ၃၇၆ လုံးပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013