DVB Logo
Home
သတင်းဓာတ်ပုံ
မိကျောင်းကန် ပြည်သူများ မြေယာပြန်ရရေး တောင်းဆို (ဓာတ်ပုံ)
DVB
·
September 23, 2013
မိကျောင်းကန် ပြည်သူများ မြေယာပြန်ရရေး တောင်းဆို (ဓာတ်ပုံ)
Donate to DVB

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရှိ ဖယ်ရှားခံရတဲ့ မြေယာမဲ့ ပြည်သူတွေဟာ မြေယာ ပြန်လည်ရရှိရေးနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ ပုဒ်မ ၁၈ ကို ပြန်လည် ရုပ်သိမ်းပေးရေးအတွက် ၇ ကြိမ်မြောက်အဖြစ် ဆူးလေဘုရားအနီးမှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

“ကျနော်တို့မြေတွေကို ပြန်လည်ရရှိဖို့ ဆန္ဒပြတောင်းဆိုတာပါ။ သမ္မတကြီးကော၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကောက အသုံးမပြုရင် ပြန်ပေးမယ်လို့ ပြောထားပါတယ်။ အခု အသုံးမပြုထားဘူး ကျနော်တို့ကို ပြန်ပေးပါ။ အသုံးပြုထားတဲ့မြေဆိုရင်လည်း ခေတ်ကာလပေါက်ဈေးနဲ့ ပြန်လျှော်ပေးမယ်ဆိုတာကို ကျနော်တို့ လက်ခံတယ် အဲဒါမျိုးကို ဖြေရှင်းပေးပါ။ အဲဒါပဲ တောင်းဆိုချင်ပါတယ်လို့” ဆန္ဒပြသူ ဦးကျော်လွင်က ပြောပါတယ်။

တာဝန်ရှိသူတွေက ဖြေရှင်းပေးတဲ့အထိ ဆက်လက် ဆန္ဒပြမှုတွေ ဆက်လက် ပြုလုပ်သွားမှာဖြစ်ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးမြင့်ဆွေကိုလည်း ကန့်ကွက် ဆန္ဒပြသွားဖို့ ရှိကြောင်း ဆန္ဒပြသူတဦးက ပြောဆိုခဲ့ပါတယ်။

စစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်က သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်ကို အတင်းအကျပ်ပြောင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/23-09-2013/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013