DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်လူသတ်မှု တရားလိုသက်သေ စစ်ဆေး
DVB
·
September 23, 2013
Donate to DVB

တောင်ကုတ်လူသတ်မှုနဲ့ ပတ်သတ်လို့ အခုလ ၂၀ ရက်နေ့က တရားခံ ၇ ဦးကို ရုံးထုတ်စစ်ဆေးပါတယ်။

တောင်ကုတ်မြို့မှာ မနှစ်က မွတ်စလင် ၁၀ ဦး အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်လို့ တရားလိုပြသက်သေ ၂ ဦးကို အခုလ ၂၀ ရက်နေ့က သံတွဲခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးတယ်လို့ တရားခံရှေ့နေ ဦးတင်အောင်က ပြောပါတယ်။

“၂၀ ရက်နေ့က နောက်ဆုံးရုံးချိန်းက သံတိုင်က အုပ်ချုပ်ရေးမှူး ဦးထွေးညို၊ ချောင်းကောက်က အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်တို့ကို စစ်ပါတယ်။ အမှုကို အောက်တိုဘာ ၁ ရက်နေ့ ပြန်လည် ချိန်းဆိုပါတယ်။”

တရားလို ရဲအုပ်စိုးသိန်းနဲ့အတူ တရားလိုပြ သက်သေ ၂၃ အနက် ၄ ဦးကို စစ်ဆေးပြီးစီးပြီလို့ ဆိုပါတယ်။
တောင်ကုတ်မြို့မှာ ခရီးသည်တင်ကားပေါ်ကနေ ဆွဲချပြီးသတ်ဖြတ်ခဲ့တဲ့ဒီအမှုကို အခင်းဖြစ်ပြီး တနှစ်အကြာမှာ  နေပြည်တော်ရဲတပ်ဖွဲ့က တိုက်ရိုက်ဖမ်းဆီး ရုံးတင်တရားစွဲထားတာပါ။ ပုဒ်မအားဖြင့် လူသတ်မှုနဲ့ကြံစည်လုပ်ဆောင်မှု ပုဒ်မနှစ်ခုနဲ့ တောင်ကုတ်မြို့က ရဲအုပ် စွဲဆိုထားတာဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ သံသယရှိသူ ၇ ဦးအနက် ၅ ဦးကို ရှေ့နေ ဦးတင်အောင်က လိုက်ပါဆောင်ရွက်ပြီး ကျန် ၂ ဦးအတွက် ရှေ့နေ ၂ ဦးက တဦးစီ တာဝန်ယူ လိုက်ပါဆောင်ရွက်နေတာပါ။

တရားလိုဘက်က တရားရုံးကို တင်တဲ့အထောက်ထားတွေထဲမှာ စာရွက်နဲ့ ဓာတ်ပုံအထောက်အထားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

တရားခွင်ဟာ လွတ်လပ်ပြီး အများသူငါ လာရောက်ကြည့်ရှု နားထောင်နိုင်ကြောင်းနဲ့ တရားခံဘက်က မိသားစုတွေ၊ တရားခွင်တွေမှာတော့ လာနားထောင်ပေမယ့် သေဆုံးသူတွေရဲ့ မိသားစုဝင်တော့ တက်ရောက်နားထောင်တာ မတွေ့မိဘူးလို့ ဆိုပါတယ်။

မနှစ်က တောင်ကုတ်မြို့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှာ ဦးဆောင်တယ်လို့ သံသယရှိသူ ၆ ဦးကို နေပြည်တော်က တိုက်ရိုက်ကွပ်ကဲမှုနဲ့ တောင်ကုတ်မြို့ကနေ ဇူလိုင် ၁၇ ရက်နေ့ညမှာ ဖမ်းဆီးခဲ့ပြီး တဦးကို နောက်မှ ထပ်မံဖမ်းဆီးရမိခဲ့တာပါ။

ဒီသတ်ဖြတ်မှု ဖြစ်ပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်း နေအိမ်မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး လူပေါင်း ၁ သိန်း ၄ သောင်းကျော် ဒုက္ခသည်ဖြစ်နေကြသလို   ကျန်တိုင်းနဲ့ပြည်နယ်တချို့က မြို့နယ်တချို့ကိုပါ ပုံစံတူအကြမ်းဖက်မှုတွေ ကူးစက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013