DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၃ ခုဖြင့်အမှုဖွင့်ခံထားရသည့် တပ်မတော်ထောက်ခံပွဲ ဦးဆောင်သူ ၂ ဦး လာရောက်အဖမ်းခံ
DVB
·
January 25, 2021
ပုဒ်မ ၃ ခုဖြင့်အမှုဖွင့်ခံထားရသည့် တပ်မတော်ထောက်ခံပွဲ ဦးဆောင်သူ ၂ ဦး လာရောက်အဖမ်းခံ
Donate to DVB

မန္တလေးတိုင်း ဝမ်းတွင်းမြို့မှာ ဇန္ဝါရီ ၁၇ ရက်နေ့က တပ်မတော်ထောက်ခံပွဲနဲ့ ရွေးကောက်ပွဲ တရားမျှတမှူရရေး ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်ခဲ့တာကြောင့် ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ခံထားရသူ ၂ ဦး မနေ့ညနေက လာရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူ ၃ ဦးအား ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားရာမှာ ၁ ဦးဖမ်းမိခဲ့ပြီး ၂ ဦးက တိမ်းရှောင်နေရာမှ ဇန်နဝါရီ ၂၄ ရက်ညနေက ဝမ်းတွင်းမြို့မရဲစခန်းမှာ လာရောက်အဖမ်းခံပြီး မြို့နယ်တရားရုံးမှာ ဒီနေ့ ချုပ်ရမန်ယူတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက သိရပါတယ်။

 ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက “တိမ်းရှောင်သွားတဲ့ ဦးဆောင်သူ ၂ ဦး မနေ့ကညနေ ၅ နာရီခွဲလောက်မှာ ရဲစခန်းကို လာရောက် အဖမ်းခံပါတယ်။ ဒီနေ့ မြို့နယ်တရားရုံးမှာ ချုပ်ရက်ရမန်ယူတာပါ” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့လယ်က လူအင်အား ၂၇ ဦးနဲ့ ဝမ်းတွင်းမြို့ အမှတ် ၃ ရပ်ကွက် ပြည်သူ့အားကစားကွင်းက စတင်ပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခဲ့ရာ အမှတ် ၂ ရပ်ကွက် မေခလာဟစ်တိုင်ကွင်းမှာ ဝန်းရံသူအင်အား ၃၀၀ ကျော်သွားတာကြောင့် ဦးဆောင်သူ တဲစုရွာနေ ဦးမောင်ဆင့်၊ တောင်ဆည်ရွာနေ ဦးသန်းဆွေနဲ့ ရွှဲသီးရွာနေ ဦးဇော်မင်းတို့ကို ပုဒ်မ ၃ ခုနဲ့ ဝမ်းတွင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာပါ။

       တောင်ဆည်ရွာနေ ဦးသန်ဆွေကတော့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ဖမ်းဆီးမိခဲ့ပြီး ရွှဲသီးရွာနေ ဦးဇော်မင်း နဲ့ တဲစုရွာနေ ဦးမောင်ဆင့် တို့ကတော့ တိမ်းရှောင်သွားခဲ့ရာမှ လာရောက်အဖမ်းခံကြတာပါ။

သူတို့ ၃ ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှူးက ငြိမ်းစုစီဥပဒေပုဒ်မ ၂၀၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဒုဦးစီးမှူးက  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူဥပဒေ ပုဒ်မ ၂၅/၃၀ (က) နဲ့ ဝမ်းတွင်းမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။

  သတင်း-ဓာတ်ပုံ-မောင်မောင်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013