DVB Logo
Home
သတင်းဓာတ်ပုံ
ဟုန်ရှင်းစက်ရုံ အလုပ်သမားများ သပိတ်စခန်းဖွင့် ဆန္ဒပြ (သတင်းဓာတ်ပုံ)
DVB
·
September 22, 2013
ဟုန်ရှင်းစက်ရုံ အလုပ်သမားများ သပိတ်စခန်းဖွင့် ဆန္ဒပြ (သတင်းဓာတ်ပုံ)
Donate to DVB

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာရှိတဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားတွေဟာ အလုပ်ရှင်က လျော်ကြေးပေးပြီး အလုပ်ထုတ်ဖို့ စီစဉ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ ဒီနေ့ကစပြီး မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့်လှစ် ဆန္ဒထုတ်ဖော်နေကြပါတယ်။
အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတဲ့အတွက် ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်နေ့က သပိတ်မှောက်ခဲ့ကြပြီး မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးမှာ သဘောတူညီချက်မှ မရတဲ့အတွက် ခုံသမာဓိရုံးရဲ့ အဆုံးအဖြတ်ကို ခံယူပြီး လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အလုပ်ရှင်က စက်ရုံပိတ်မယ်လို့ အကြောင်းပြပြီး လျော်ကြေပေး အလုပ်ထုတ်ဖို့ ကြိုးစားနေတဲ့အတွက် အစိုးရက ကူညီဖြေရှင်းပေးဖို့ အခုလို ဆန္ဒထုတ်ဖော်နေကြတာပါ။
အစိုးရက တရားမျှတတဲ့ ဖြေရှင်းမှု မရမချင်း အလုပ်သမားတွေက သပိတ်စခန်းဖွင့်လှစ်ပြီး ဆန္ဒဖော်ထုတ်သွားမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013