DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းထုတ် Rocker အချိုရည် ဈေးကွက်ကပြန်သိမ်းပြီ
DVB
·
September 20, 2013
Donate to DVB

ပြည်တွင်းထုတ် rocker အချိုရည်ဘူးတွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပျဉ်းမနား၊ မုံရွာ၊ သထုံ၊ မကွေး၊ တောင်ကြီးစတဲ့မြို့ကြီးတွေရဲ့ အရောင်းဈေးကွက်နေ ပြန်သိမ်းနေပြီလို့ ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာက ပြောပါတယ်။

rocker အချိုရည်တွေကို ဈေးကွက်က သိမ်းရတဲ့အကြောင်းရင်းက ဒီလဆန်းပိုင်းက နေပြည်တော်ဈေးကွက်မှာ အဲ့ဒီအချိုရည်တွေဟာ  မူလအရောင်ပြောင်းတာကနေ စခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် ဒီအချိုရည်ကုမ္ပဏီက သူတို့ရဲ့ထုတ်လုပ်မှုမှာ ဘေးအန္တရာယ်ဖြစ်စေတဲ့ ဓာတုကုန်ကြမ်းတွေ မပါဝင်ဘူးလို့ ပြောပါတယ်။

အရင်ဈေးကွက်ထဲမှာ ဖြန့်ဖြူးခဲ့တဲ့ rocker အချိုရည်တွေဟာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲဌာန FDA ရဲ့ ခွင့်ပြုချက်ရယူထားခြင်း မရှိဘူးဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး FDA တာဝန်ရှိသူတွေကို စုံစမ်းမေးမြန်းလို့မရသးပါဘူး။

ဒါပေမယ့် အချိုရည်တွေကိုဈေးကွက်ကနေ ပြန်သိမ်းပြီးတဲ့အခါ အစားအသောက်နဲ့ ဆးဝါးကွပ်ကဲမှုဦးစီးဌာနရဲ့ ခွင့်ပြုချက်ကို ရယူပြီး ပြည်တွင်းဈေးကွက်မှာ ဆက်လက်ဖြန့်ဖြူးပေးသွားမယ်လို့  ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာက ပြောပါတယ်။

ရန်ကုန်က စားသုံးသူအများစုကတော့ ပြည်တွင်းထုတ် စားသောက်ကုန်တချို့နဲ့ တရုတ်နိုင်ငံက စားသောက်ကုန်တွေဟာ စားသုံးသူတွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး အာမခံချက်ပေးနိုင်မှုနဲ့ ပတ်သက်ပြီး သံသယရှိနေကြတာ ဖြစ်ပါတယ်။

အပြည့်အစုံ နားဆင်ရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013